ဥရောပ သမဂ္ဂ (EU)က မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပုံမှန်ဆက်ဆံရေး အဆင့် ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ စစ် လက်နက် ခဲယမ်းကလွဲ၍ မြန်မာနိုင်ငံမှ ထွက်ကုန် အားလုံးနီးပါး အကောက်ခွန်မဲ့ ဥရောပ ဈေးကွက်သို့ တင်သွင်းခွင့်ပြုရန် စီစဉ် နေကြောင်း၊ မြန်မာ အစိုးရ၏ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် ပူးပေါင်း၍ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး စသည့် သိသာ ထင်ရှားသော လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် European Voice သတင်းတွင် ပါရှိသည်။ EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။