မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၌ တပ်မတော်၏ အပြည့်အ၀ ထောက်ခံ ပံ့ပိုးနေသမျှ နောက်ကြောင်း ပြန် လှည့်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြခံဥပဒေ တွင် လိုအပ်လျှင် တပ်မတော် က အစိုးရ အဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားသော အချက်သည် ၎င်းအား စိတ် ဒုက္ခ အပေးဆုံး ကိစ္စဖြစ်သည်ဟုလည်း ယမန်နေ့က VOA ရေဒီယို သတင်း ဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်က စတင်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။