မြန်မာနိုင်ငံ ရွှေ့ပြောင်း လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒ(Myanmar Labour Migration Policy) ဖြစ်ပေါ်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေး နွေးပွဲ တရပ်ကို ယမန်နေ့က စတင်၍ စက်တင်ဘာ ၂၀ ရက်အထိ ရန်ကုန်မြို့ လှိုင် တက္ကသိုလ် နယ်မြေ MICT Park တွင် ကျင်းပ နေသည်။ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် အပါအဝင် တိုင်းနှင့် ပြည်နယ်မှ အလုပ်သမား ဝန်ကြီးများ၊ ပြည်ပ အလုပ်အကိုင် ကြီးကြပ်မှု ကော်မတီ၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၊ ပုဂ္ဂလိက ဘဏ်များ စသည့် တာဝန်ရှိသူများ နှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်ဟု မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။ ရွှေ့ပြောင်း အလုပ် သမား များ ဆိုင်ရာ ၅ ကြိမ်မြောက် အာဆီယံ ဆွေးနွေးပွဲမတိုင်မီ အကြိုဆွေးနွေးပွဲလည်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံ သား ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း ဝန်းကျင်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။