ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ၏ ထွက်ကုန်များ ဥရောပ သမဂ္ဂ(EU) ဈေးကွက်သို့ တင်ပို့မှုမှာ ၂၀၁၁ ခုနှစ် အတွင်း ယူရို ၁၆၉ သန်းဖိုး ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။ ၎င်းမှာ EU တင်သွင်းမှု စုစုပေါင်း ၏ ၀ . ၀၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ အရပ်ရပ်သို့ တင်ပို့မှု၏ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အကန့်အသတ်များကြားမှ EU သို့ တင်သွင်းမှု အများစုမှာ အဝတ်အထည်များ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ EU သို့ ကုန်ပစ္စည်း တင်ပို့ ရောင်းချရာတွင် အခွန် ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များကိုလည်း ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း၊ လက်နက် ခဲယမ်းများမှ လွဲ၍ ကျန်သော ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များအတွက် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယင်း အစီ အစဉ်သစ်သည် ၂၀၁၄ နှစ်ဆန်းတွင် စတင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက်ပစ္စည်း ဝယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ ဗီဇာ ပိတ်ပင်မှုကို ဇန်နဝါရီ လကုန်ပိုင်းက ရုပ် သိမ်း ပေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။