စွမ်းအင်ကဏ္ဍ ကန်ထရိုက် စာချုပ်များနှင့် ပတ်သက်ပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တဦးတည်း အတည်ပြု ပေး ပိုင်ခွင့် မရှိကြောင်း MOGE မန်နေးဂျင်း ဒါရိုက်တာ(ငြိမ်း) ဦးစန်းလွင် က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ပြည်ပ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က MOGE နှင့် ပူးပေါင်း လုပ်ကိုင်လိုသော ပြည်ပလုပ်ငန်းရှင်များကို ကန့်သတ် တင်းကျပ်မှုများ ပြု လုပ်နေပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လုပ်ငန်းသည် နိုင်ငံတကာ စံနှုန်းနှင့် ညီသော ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း ဝေဖန် ပြော ဆိုမှုကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြို့၌ ဦးစန်းလွင်ကိုတွေ့ဆုံ မေးမြန်းမှုတွင် ပြန် လည် ဖြေကြားခြင်း ဖြစ်သည်ဟုလည်း Bloomberg သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။