၈၈ အရေးအခင်း ကာလ ကျဆုံးခဲ့သော အခြေခံပညာ ကျောင်းသားများဖြစ်သည့် မဝင်းမော်ဦး၊ မောင်သန်းဌေး၊ မောင်တင်ထွန်း တို့ သုံးဦးအတွက် ၂၄ နှစ်ပြည့် ဂုဏ်ပြု အောက်မေ့ခြင်း အထိမ်းအမှတ် အနေနှင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဘုရားငါးဆူ တန်ဆောင်းတွင် သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရသည်။ မဝင်းမော်ဦး အတွက် ဆွမ်းကျွေး တရားနာကိုလည်း လာမည့် စက်တင်ဘာ၂၅ ရက်နေ့၌ မိဘများဖြစ်သော ဦးဝင်းကြူ-ဒေါ်ခင်ဌေးဝင်း တို့၏ နေအိမ် အမှတ် ၁၆၀၇(က)၊ ဗိုလ်တေဇလမ်း၊ အပိုင်(၃)၊ (၂၀) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာ သိမ်းပြီး နောက်တရက် စက်တင်ဘာ ၁၉ ရက်တွင် ဆန္ဒပြ ကျောင်းသူ မဝင်းမော်ဦး သည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။