၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပထမအသုတ် နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့)လျှောက်ထားခဲ့သူ ၁၉ ဦးစလုံး ယနေ့ နေ့လယ်ပိုင်းက ရရှိပြီဖြစ်ကြောင်း သတင်းရသည်။ မကြာသေးခင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ပတ်စ်ပို့ ထုတ်ပေးရာတွင် မမျှမတ ဖြစ်သည့်အတွက် အမေရိကန် ခရီးစဉ်ကို ပယ်ဖျက်လိုက်သည်။ ထောင်ဒဏ် ၆၅ နှစ် ကျခံ ခဲ့ရသည့် လုပ်ဖော်ကိုင်ဖက် ၁၉ ဦး ညီတူညီမျှ ပတ်စ်ပို့ လျှောက်ထားခဲ့ရာတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးသာ ရရှိသည်ဟု အာဏာပိုင်များက အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ညီတူညီမျှ ရရှိသည့်အချိန်မှသာ အားလုံး အတူ ထုတ်ယူ မည်ဟု ကိုမင်းကိုနိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။