အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတဝန်းမှအကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ဝန်းကျင်သည် နိုင်ငံခြား သားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသော နိုင်ငံခြားသား ၄၀၀ ဝန်းကျင်တွင် ရခိုင် ပြည်နယ် စစ်တွေထောင်မှ ၁၁၄ ဦးနှင့် သံတွဲထောင်မှ ၈၇ ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း၊ ၎င်းတို့အား ပြည် နှင်ဒဏ် ပေးရန် ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထောင် အာဏာပိုင်များ က ပြောသည်။
“စစ်တွေထောင်က ၁၁၄ ဦးပါ၊ ဒီလူတွေကို အပြီးလွှတ်ပေးဖို့ ဗဟိုက အမိန့်ကို စောင့်နေပါတယ်၊ အခုတော့ ထောင်မှာပဲ ချုပ် မိန့်နဲ့ ဆက်လက် ထိန်သိမ်းထားဆဲပါ၊ ပြည်နှင်ဒဏ် ပေးရင်တော့ နယ်စပ်ကတဆင့် လွှဲပေးရမှာပေါ့”ဟု စစ်တွေထောင် အကြီး အကဲ ဦးကြန်သိန်း က ဧရာဝတီကို ပြောသည်။
လွတ်မြောက်သူများတွင် နိုင်ငံခြားသား ၃၉၉ ဦးပါဝင်သည်ဟု AP သတင်းတွင်လည်း ဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၁ ဦး၊ ထိုင်း ၈၃ ဦး၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံ သားများ ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်နှင်ဒဏ်ပေးရန် အမိန့်တရားဝင် ရပြီးမှသာ အပြီးအပိုင် လွှတ် ပေးရမည် ဖြစ်ကြောင်း၊ ထို့နောက် လူဝင်မှုကြီးကြပ်ရေး ဌာန အနေဖြင့် ထိုသူများကို နယ်စပ်ဒေသသို့ ပို့ဆောင်ကာ သက်ဆိုင် ရာ နိုင်ငံသို့ ဆက်သွယ် လွှဲအပ်ရမည် ဖြစ်ကြောင်း သိရသည်။
ထို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ရခိုင်ဒေသတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် ကာလအတွင်း တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား ရခိုင်နယ်စပ်ဒေသ၌ လဝက ဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဦးကြန်သိန်း က ရှင်းပြသည်။
ထို့အတူ သံတွဲ ထောင်မှ လွှတ်ပေးသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၇ ဦး သည်လည်း လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စများ ဖြေရှင်းရန် ကျန်ရှိသေးရွေ့ ထောင်၌ပင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သံတွဲ ထောင်ပိုင်ကြီး ဦးခင်မောင်ထွန်း က လည်း ဧရာဝတီ ကို ပြောသည်။
သံတွဲထောင်မှလွတ်မြောက်သူ ၈၇ ဦးသည် သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ ကျွန်းငယ်တခုသို့ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀၀ ဝန်းကျင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများထဲမှ ဖြစ်ပြီး ၎င်းတို့ကို ဇွန်လအတွင်း ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြီးကြပ် ရေး ဥပဒေ ပုဒ်မ ဖြင့်ထောင်ဒဏ် အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်သို့ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုးများကို ယခင်ကလည်း ဖမ်းဆီးထိန်းသိမ်းမှုများ ရှိကြောင်း၊ ပြန် လည် လွှတ်ပေးခဲ့သူ တချို့သည် နည်းလမ်းမျိုးစုံဖြင့် ရခိုင်ဒေသတွင်းသို့ ပြန်လည် ဝင်ရောက်လေ့ရှိကြောင်းလည်း သိရသည်။
ဘင်္ဂါလီများသည် မောင်တော၊ ဘူးသီးတောင် ဒေသများမှ တဆင့်ရခိုင်ဒေသသို့ ဝင်ရောက်လေ့ရှိကြောင်း၊ အများစုသည် နယ် စပ်ဒေသ၌ တာဝန်ယူထားသည့် အစိုးရ စစ်တပ်၊ အာဏာပိုင်များနှင့် ပူးပေါင်း၍ ဝင်ရောက်လေ့ရှိကြောင်း ဒေသခံများက ပြော သည်။
ပြီးခဲ့သည့် လအနည်းငယ်ကလည်း ဘူးသီးတောင်၊ မောင်တော ဒေသမှ ဘင်္ဂါလီလူမျိုး ၂၀ ကျော်ကို မာန်အောင်မြို့နယ် ပင် လယ်ပြင်၌ ဖမ်းမိ၍ ကျောက်ဖြူထောင်၌ ၃ လ ထိန်းသိမ်းထားကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းမိစဉ်က ကြံ့ခိုင်ရေး ပါတီ ကတ်ပြားများနှင့် မဲပေးနိုင်သည့် အဖြူရောင် ကတ်ပြားများကို သိမ်းဆည်းရမိကြောင်း အာဏာပိုင်များနှင့် နီးစပ်သူ တချို့က လည်း ပြောပြသည်။
၎င်းတို့အား လဝက ဥပဒေဖြင့် ဖမ်းဆီး၍ ပြန်လည်လွှတ်ပေးပြီးနောက် ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်ရှိ ဗလီတခုတွင် စောင့်ရှောက်ပေးထားခဲ့ပြီး ယခုအခါ မောင်တောဒေသသို့ အာဏာပိုင်များ ကိုယ်တိုင် ပို့ဆောင်ပေးကြောင်းလည်း သိရသည်။
ရခိုင်နယ်စပ်မှ တဆင့်မြန်မာနိုင်ငံ အတွင်းပိုင်းဒေသများသို့ တရားမဝင်နည်းများဖြင့် ဝင်ရောက်သည့် ဘင်္ဂါလီလူမျိုး ၁၀ ဦးနှင့်မြန်မာလူမျိုးတဦးကို စစ်ကိုင်းတိုင်း ကလေးမြို့၌ အာဏာပိုင်များက စက်တင်ဘာ ၁၄ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း လည်း The Voice Weekly ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။
၎င်းတို့ကို ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ သွားရောက်ရန် စစ်ကိုင်းတိုင်းမှ ဖြတ်ကျော်စဉ် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် နယ်နိမိတ်ချင်းထိစပ်နေသည့် ရခိုင်ဒေသတွင်းသို့ နည်းလမ်းအစုံဖြင့် ဝင်ရောက်သူများ ရှိသကဲ့သို့ နယ်စပ်မှတဆင့် မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ထွက်ခွာ သွားသူများလည်း ရှိကြောင်း၊ အများစုမှာ ရခိုင်ပြည် နယ်တွင် ဝင်ရောက်နေထိုင်ကြောင်း သိရသည်။
ရခိုင်ပြည်တွင်းသို့ နည်းလမ်းအစုံဖြင့် ဝင်ရောက်အခြေချနေထိုင်သည့် ဘင်္ဂါလီလူမျိုးများအား လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အာ ဏာပိုင်များက ထိရောက်စွာ ဖြေရှင်းမှုမရှိခြင်းကို ရခိုင် နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ရခိုင်ပြည်သူများက ဝေဖန်မှုများ ရှိနေခြင်း အပေါ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ နှင့် အာဏာပိုင်များက ငြင်းဆိုထားသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများနှင့် မောင်တောမြို့ အကြမ်းဖက်မှု ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ထိုဒေသ၌ တာဝန် ထမ်းဆောင် ခဲ့ သူ နယ်စပ်ဒေသ အကြီးအကဲ ဗိုလ်မှူးချုပ် အောင်ကြီး ကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ သော် လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နှစ် မတ်လက သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ခဲ့ရာ ယခု တကြိမ် သည် ၆ ကြိမ်မြောက် ဖြစ်ပြီး စုစုပေါင်း အကျဉ်းသား ၂၉၀၁၈ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။