သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့အပေါ် ပိတ်ဆို့အရေးယူမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖယ်ရှားပေးလိုက်ကြောင်း သိရသည်။ ယင်းဖယ်ရှားပေးချက်အရ သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ပိုင်ဆိုင်မှုများအပေါ် ပိတ်ပင်ထားမှု ပျက်ပြယ်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများ ၎င်းတို့နှင့် စီးပွားရေးအရ ဆက်ဆံနိုင်ခွင့်ရှိမည် ဖြစ်သည်။ နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးတိုးတက်စေရန် ခိုင်မာသော ခြေလှမ်းများကို လှမ်းခဲ့ခြင်းကြောင့် ယင်းသို့ အရေးယူမှု ဖယ်ရှားပေးခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။