• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့ဒီမိုကရေစီရေး အမေရိကန် တံခါးဖွင့်

by ရဲနည်
20 September 2012
in သတင်း
A A
မြန်မာ့ဒီမိုကရေစီရေး အမေရိကန် တံခါးဖွင့်

အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ- Reuters)

5.2k
VIEWS
Share on FacebookShare on Twitter

ယမန်နေ့က အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ကွန်ဂရက်ကလည်း အမြင့်ဆုံး ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့တဲ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ရုတ်သိမ်းသွားခြင်းတို့ဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဏသစ်ဖွင့်ဖို့ မော်ကွန်းထိုးလိုက်တာပါ။

သမ္မတ အိုဘားမားဟာ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် ရုံးခန်း (Oval Office) မှာ ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာ တွေ့ဆုံပြီး စကားစမြည် ပြောဆိုခဲ့ပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲအပြီး အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ပူးပေါင်းလုပ်ကိုင်နေကြတဲ့ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းနဲ့ လတ်တလော တိုးတက်မှုတွေကို ကြိုဆိုလိုက်ပြီး အမေရိကန် သမ္မတအနေနဲ့ ကူညီမှုတွေလုပ်ဖို့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ ဆိုပါတယ်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
30
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
189

အမေရိကန် ကွန်ဂရက်က အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ကက်ပီတိုလ်ဟေးလ် အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ရာမှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ လော်ရာဘုရှ်၊ နန်စီပီလိုစီ၊ ဂျိုးခရိုလေး၊ မစ်ချ်မက်ကောနဲလ်၊ ဂျွန်မက်ကိန်း အစရှိတဲ့ ရီပတ်ဘလီကန်ရော ဒီမိုကရက်ပါတီက နိုင်ငံရေးမျက်နှာဖုံးတွေ တက်ရောက်တဲ့အပြင် မြန်မာအစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာသံအမတ် ဦးသန်းဆွေတို့လည်း တက်ရောက်လာခဲ့ပါတယ်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆန် မန်ဒဲလားတို့လို နိုင်ငံခြား ခေါင်းဆောင်တွေကိုသာ ပေးအပ်တဲ့ ကွန်ဂရက် ဆုတံဆိပ်ကို လက်ခံရာမှာ မြန်မာ့အရေး ဝိုင်းကူကြသူ အမေရိကန် နိုင်ငံရေးသမားများကို “နှစ်နှစ်ကာကာ” ကျေးဇူးတင်ကြောင်း ပြောတဲ့အပြင် ကွယ်လွန်သွားပြီဖြစ်တဲ့ ကွန်ဂရက်အမတ် တွမ်လန်းတော့စ်ကို နာမည်ဖော်ထုတ်ပြောပြီး “သူ့ကိုလက်ဆွဲ နှုတ်ဆက်ပြီး ကျမတို့အတွက် လုပ်ပေးသမျှတွေကို ကျေးဇူးတင်ပါ တယ်လို့ ပြောခွင့် မရလိုက်တဲ့အတွက်လည်း ဝမ်းနည်းပါတယ်။ ကျမ သူနဲ့ တခါမှ ဆုံတွေ့ခွင့် မရလိုက်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ နွေးထွေးမှုတွေနဲ့ ကျေးဇူးတရားတွေကို ကျမအမြဲသတိရနေမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမား မတွေ့ဆုံခင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်ထားသူ စာရင်းကနေ ဖယ်ရှားပေးကြောင်း ထုတ်ပြန်ကြေညာပါတယ်။

“ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့သည် လူ့အခွင့်အရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ရေး၊ ဖိနှိပ်ချုပ်ချယ်မှု၊ အာဏာရှင်စနစ်မှ မြန်မာပြည်ကို ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များသို့ ဦးတည် ရွေ့လျားရေးတို့ကို အခြေခံကျကျ ဆောင်ရွက်ခဲ့သည်” လို့ လက်ထောက် ဘဏ္ဍာရေး ဝန်ကြီး ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီလိုဖယ်ရှားပေးခြင်းအားဖြင့် သူတို့ဟာ အမေရိကန် ပြည်ထောင်စုမှာ ငွေကြေးနဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်၊ ငွေကြေးလွှဲပြောင်းပိုင်ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။ “မြန်မာပြည်တွင်း ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျော ညီထွေစေရန် ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းများဖြင့် ရှေ့တိုးဆောင်ရွက် ဖွယ်ရာများကို လုပ်မည်” လို့လည်း ထုတ်ပြန်ကြေညာချက်မှာ ပါပါတယ်။

ဒီလို အကောင်းမြင် တိုးတက်မှုတွေ ဖြစ်ပေါ်နေစဉ်နဲ့တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မနက်ဖြန် National Endowment for Democracy (NED) က ယခုနှစ်အတွက် ပေးမယ့် ဒီမိုကရေစီဆု လက်ခံဖို့ ဝါရှင်တန်ကို ရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက မြန်မာ့အတိုက်အခံ ခေါင်းဆောင်ဟာ အရင်လို ပြည်သူလူထုအတွက် မပြောဆိုတော့ဘဲ အစိုးရရဲ့ ထိန်းကွပ်တာ ခံလိုက်ရပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ထဲက အတိုက်အခံ အင်အားစုတွေဟာ လွှတ်တော်တွင်း ရာထူးများကို ခန့်အပ်ခြင်းအားဖြင့် အစိုးရရဲ့ ထိန်းချုပ်တာ ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဘာမှမပြောနိုင်ဖြစ်သွားရတယ်” လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။ ဦးခွန်ထွန်းဦးနဲ့အတူ ဦးမင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်၊ ဦးကျော်သူနဲ့ ဦးအောင်ဒင်တို့ကို ပေးမယ့် ကပ်ပီတိုဟေးလ် အဆောက်အဦက NED ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် အမှာစကား ပြောပါလိမ့်မယ်။

NED ဆုရှင်တဦးဖြစ်တဲ့ US Campaign for Burma က ဦးအောင်ဒင်ကလည်း မြန်မာ့အပြောင်းအလဲတွေဟာ ထိခိုက်လွယ်ပြီး နောက်ပြန်လှည့်နိုင်တာကြောင့် နိုင်ငံတကာရဲ့ ဖိအားဆက်လိုတယ်လို့ ပြောပါတယ်။ ဒါဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်တွေ မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ ထောက်ခံလိုက်တာနဲ့ ကွဲလွဲနေပါတယ်။ ပိတ်ဆို့မှု အားလုံး ရုတ်သွားရင် မြန်မာအစိုးရအပေါ် ဘာမှ ချုပ်နှောင်ထားတာ မရှိဘဲဖြစ်မယ်လို့ ဦးအောင်ဒင်က ဆိုပါတယ်။

တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆု လက်ခံရရှိခြင်း အခမ်းအနားကို အမေရိကန်ရောက် ကချင်တိုင်းရင်းသားများက မတက်ရောက်ဘဲ နေခဲ့ကြပြီး ကချင်တိုင်းရင်းသားများ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခံနေရသည့်အချိန် စသည့်အခြေအနေများတွင် မိမိတို့အနေဖြင့် ဝမ်းမြောက်ပျော်ရွှင်ရန် မည်သို့မျှ ဆီလျှော် အပ်စပ်ခြင်း မရှိလို့ ဆိုပါတယ်။

Burma Task Force အဖွဲ့ကလည်း ရခိုင်မြောက်ပိုင်းက မွတ်စလင်များအရေး ထုတ်ဖော်ပြောဆိုရန် တိုက်တွန်းဖို့နဲ့ မြန်မာ့အရေးကို ထောက်ခံသွေးစည်းကြောင်း ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်မြို့တွေမှာ ဆန္ဒပြပွဲတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အမေရိကန် လာတဲ့အခါ ဆန့်ကျင်ဆန္ဒပြဖို့လည်း စီစဉ်နေကြောင်း ပြောပါတယ်။ “အသားမည်း ရိုဟင်ဂျာတွေလို့ လူတွေစိတ်ထဲ ပုံသွင်းရအောင် မြန်မာတွေကို မျိုးဆက်နဲ့ချီ စစ်အုပ်စုဟာ ဦးနှောက်ဆေးခဲ့တယ်” လို့ ရာဖေးမိုဟာမဒ်က ပြောပါတယ်။

Your Thoughts …
Tags: Aung San Suu KyiUSA
ရဲနည်

ရဲနည်

ဧရာဝတီ

Similar Picks:

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

by လင်းသန့်
4 May 2013
13k

ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ခေါင်းဆောင်နဲ့ ဖက်ရှင်

ခေါင်းဆောင်နဲ့ ဖက်ရှင်

by မစပ်စု
23 February 2013
15.8k

သမ္မတကြီးက ချင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ ဂျက်ခုပ် အထည်တွေကို တနေ့တမျိုး မရိုးရလေအောင် ၀တ်ဆင်ခဲ့တာကို ဓာတ်ပုံမှတ်တမ်း တွေကနေ တွေ့ကြရပါတယ်။

Next Post
ဖမ်းဆီးထားသော ရှမ်းတပ်ဖွဲ့ဝင်များ “ဝ” ပြန်လွှတ်

ဖမ်းဆီးထားသော ရှမ်းတပ်ဖွဲ့ဝင်များ “ဝ” ပြန်လွှတ်

The Voice Weekly ကို အသရေဖျက်မှုဖြင့်စွဲရန် ဆုံးဖြတ်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate