• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

by လင်းသန့်
20 September 2012
in သတင်း
A A
အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

စက်တင်ဘာ ၁၈ ရက်က United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)

12.3k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။

“ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။ ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက် တကယ်တန်းလက်တွေ့ ထိထိမိမိနဲ့ ပြောပြီလို့ ကျနော် ယူ ဆပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
29
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
179

NDF ပါတီ အနေဖြင့်လည်း ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက တိုင်းပြည်ကို အမေရိကန် အပါအဝင် နိုင်ငံတကာ က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုများကို မလိုလားခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် စီးပွားရေး ဒဏ် ခတ် ပိတ်ဆို့ထားမှုက အရှိန်နှေးကွေးစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ကို ချစ်မြတ်နိုးကြောင်း လက် တွေ့ ပြောဆိုပြသလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုတွင် စက်တင်ဘာ ၁၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်က မြန်မာ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို လျှော့ချရန် ထောက်ခံလိုက်ပြီး နိုင်ငံရေး အကျဉ်းသား တယောက် မကျန် လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို လျှော့ချဖို့ ကျမ ထောက်ခံပါတယ်။ အကြောင်းက ကျမတို့ ပြည်သူလူထုဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ တာဝန် စယူသင့်ပြီလို့ ကျမ မြင်လို့ပါ။ ဒီမိုကရေစီရေး မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျမတို့ အား မကိုးသင့်တော့ဘူး။ ကျမတို့ ဘာသာ ကျမတို့ အလုပ်ဖြစ်အောင် လုပ်ကြရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ၁၇ ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ရောက် ရှိနေခြင်း ဖြစ်သည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ အပါအဝင် တိုင်းရင်းသား ၅ ပါတီအနေဖြင့် နိုင်ငံတကာမှ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားများဖြစ်နေပြီး အဆိုပါကိစ္စ ပြန် လည် သုံးသပ်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုနေကြောင်း၊ တချို့သော ပစ်မှတ်ထား ပိတ်ပင်ထားသည်များကို မပြောလိုကြောင်း RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က ဆိုသည်။

“လက်ရှိ ၁ နှစ်ခွဲ ကြာပြီဖြစ်တဲ့အစိုးရ ပိုပြီး ဆောင်ရွက်နိုင်အောင်၊ နောက် ၂၀၁၅ မှာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းလာအောင်၊ အခုကတည်းက ဒီမိုကရေစီ နိုင်ငံကြီးတွေက ပံ့ပိုးတာတို့ ကူညီတာတို့ လိုအပ်နေချိန်မှာ၊ အခု အစိုးရသွား နေ တဲ့ လမ်းကြောင်း ထောက်ခံပေးဖို့ လိုအပ်နေတဲ့ကာလဖြစ်တာမို့လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးဖို့ ရုပ် သိမ်းပေးဖို့ တောင်းဆိုတာကို ကျနော်တို့ကတော့ ကြိုဆိုပါတယ်”ဟု ဒေါက်တာ အေးမောင် က ပြောသည်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု တခုတည်းဖြင့် နိုင်ငံတွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ကြောင်း၊ နိုင်ငံ ထူထောင်ရေး လည်း ခက်ခဲကြောင်း၊ ဒီမိုကရေစီစနစ်ကို တည်ငြိမ်စေရေးအတွက် နိုင်ငံတကာမှ အကူအညီများလိုအပ်ကြောင်း သူက ဆက်ပြော သည်။

ထိုကဲ့သို့ ကြိုဆိုမှုများရှိသော်လည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦးဖြစ်သည့် ဦးမင်းကိုနိုင်ကမူ စီး

ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်တွင် အမြဲစဉ်းစားကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး၊ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဖြစ်၊ မဖြစ်၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအရေး စသဖြင့် ကျယ်ပြန့်စွာ စဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ ပြည်တွင်းမှာ တရားဥပဒေ၊ နည်းဥပဒေတွေမှာ ဘယ်လောက်ထိ တရားမျှတစွာ ရှိပြီလဲ။ မရှိပါဘူး၊ ကျနော် တို့ ဆီမှာ၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်လည်း မရှိသေးဘူး။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက ခရိုနီ ခေါ်တဲ့ အာဏာရှိသူနဲ့ ပေါင်းစားတဲ့ လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေးသမားတွေ လက်ထဲပဲ အကုန် ရောက်သွားမယ်ဆိုရင် ဆင်းရဲ ချမ်းသာ ကွာဟမှုက ဒီထက်တောင် ပိုပြီး ဆိုးဝါးနိုင်ပါမယ်။ အဲဒီ အချက်အလက်တွေ အကုန်ထည့်စဉ်းစားရပါလိမ့်မယ်”ဟု သူက ဆို သည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်ပြီး တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အတွင်း ရေးမှူးလည်း ဖြစ်သော နိုင်ဟံသာ က ယခုအခါ လွှတ်တော်တွင်း ရောက်ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကရေစီ အတွက် နိုင်ငံရေးအပြောင်းအလဲ ရှိရန် စဉ်းစားနိုင်ကြောင်း၊ သို့သော် တိုင်းရင်းသား အုပ်စုများက စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ယခုအထိ ရည်မှန်းချက်ကို အောင်မြင်စွာ မရောက်သေးကြောင်း၊ တိုင်းရင်းသား အင်အားစုများနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်ရာတွင် ဖိအားပေးသည့် အနေဖြင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ရှိနေရန်လိုအပ်ကြောင်း ပြောသည်။

“အစိုးရနဲ့ ကျနော်တို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဘာတခုမှ မဖြစ်သေးတာကြောင့် ဒီလိုအခြေအနေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ခက်ခဲပါတယ်”ဟုလည်း နိုင်ဟံသာ က ပြောဆိုသည်။

ကရင် အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ် ရှားရန် စောနေသေးကြောင်း၊ နိုင်ငံရေးအပြောင်းအလဲအတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင် စရာများစွာ ကျန်ရှိနေသေး၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ထားရှိစေလိုကြောင်း ပြောသည်။

“ဒါက သူ့ သဘောထားသာလှျှင်ပဲ ဖြစ်တယ်။ ပြီးတော့ သူ့အနေနဲ့ ဒီကိစ္စမှာ သဘောထား တခုတည်း ဖြစ်စေဖို့အတွက် အခြား သူတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့လိုတယ်”ဟု နော်စီဖိုးရာစိန် က ဆိုသည်။

အမေရိကန် ကို ရောက်ရှိနေသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း လွှတ် တော်တွင်း ရောက်ရှိနေသည့် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူများအတွက် အတိုက်အခံ လုပ်ကာ ပြောကြားနိုင်မှုမရှိတော့ဘဲ ကြားနေသဘော သက်ဝင်သွားပြီဟု ယမန်နေ့က ပြောသည်။

“လွှတ်တော်ထဲမှာ ရာထူးတာဝန်တွေ ပေးအပ်ရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်တွင်းက အတိုက်အခံ အင်အားစုတွေဟာ အစိုးရရဲ့ အတိုက်အခံ သဘာ၀ ပျက်ပြယ်ပြီး ကြားနေဖြစ်အောင်လုပ်တာ ခံနေရတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူ့အခွင့်အရေး ကိစ္စ မပြောနိုင်တော့ဘူး”ဟု ဦးခွန်ထွန်းဦးက ဝါရှင်တန်ရှိ သတင်းစာရှင်းလင်း ပွဲ တခုတွင် ပြောဆိုသည်။

ဦးခွန်ထွန်းဦးသည် သမ္မတ ဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ကမ်းလှမ်းမှုကိုလက်ခံ၍ နယူးယောက်မြို့တွင် ယခု လကုန်ပိုင်း၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မည် ဖြစ်သည်။

Your Thoughts …
Tags: Aung San Suu KyiSanctionUSA
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

by လင်းသန့်
4 May 2013
13k

ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.5k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

Next Post
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ မကျင်းပရန် အာဏာပိုင်များ တားမြစ်

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ မကျင်းပရန် အာဏာပိုင်များ တားမြစ်

ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate