• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ မကျင်းပရန် အာဏာပိုင်များ တားမြစ်

by အောင်သက်ဝိုင်း
20 September 2012
in သတင်း
A A
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ မကျင်းပရန် အာဏာပိုင်များ တားမြစ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အကြို အတွက် မန္တလေးတွင် ပါဖောမန့်ပြကွက် ပြသခဲ့သည့် ပန်းချီ စူးမြင့်သိန်းကို လုံခြုံရေးများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ဒီမို စနေ)

5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်နှင့် နေပြည်တော်တွင် ငြိမ်းချမ်းရေး ကွန်ရက်လူငယ်များက စက်တင်ဘာလ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန် တရားဝင်လျှောက်တင်ထားသော်လည်း အာဏာပိုင်များက ယင်းပွဲ မကျင်းပရန် တားမြစ်လိုက်ပြီး ဦးဆောင်မည့် လူငယ်များကို ခေါ်ယူမေးမြန်းခြင်း၊ နေအိမ်များကို ဝင်ရောက်မေးမြန်း စစ်ဆေး ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Generation Wave၊ ကျောင်းသား အဖွဲ့အစည်းများ၊ အဖြူရောင် တွဲလက်များ စသည့် အဖွဲ့များ အပါအဝင် ပြည်တွင်း လူမှုရေး လုပ်ဆောင်နေသည့် လူငယ် အဖွဲ့အစည်း ၂၀ ကျော်တို့ စုပေါင်း ချိတ်ဆက်ထားသော ငြိမ်းချမ်းရေး ကွန်ရက်က လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် စစ်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ရရှိစေရန် တနိုင်ငံလုံး အတိုင်း အတာဖြင့် လမ်းလျှောက်ပွဲ၊ ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပရန် စီစဉ်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် လူငယ်များနှင့် ပြည်သူများ စုပေါင်း ပါဝင်သော ဆန္ဒထုတ်ဖော် လမ်းလျှောက်ချီတက်ပွဲ ကျင်းပရန် အာဏာပိုင်များထံ တရားဝင် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခဲ့သည့် အပြင် ဦးဆောင်မည့် လူငယ်များကို ခေါ်ယူမေးမြန်းခြင်း၊ နေအိမ်များကို စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဆောင်သူတဦးဖြစ်သည့် ကိုမိုဃ်းသွေးက ဧရာဝတီကို ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
14
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
46
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
260

“ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွက် စမ်းချောင်း၊ ကျောက်တံတား ရဲစခန်း၊ မင်္ဂလာတောင်ညွန့် ရဲစခန်းတွေကို ကျနော်တို့ တရားဝင် လျှောက်ထားပါတယ်။  ဒါပေမယ့် ခွင့်မပြုဘူးဆိုပြီး တရားဝင် ငြင်းပယ်ပါတယ်။ နောက်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် ဒုတိယရဲမှူးကြီး မျိုးအောင်က ကျနော်အပါအဝင် ဆန္ဒပြပွဲ ဦးဆောင်မယ့် လူငယ် ၄ ဦးကို ခေါ်ယူ တွေ့ဆုံမေးမြန်းတာတွေ လုပ်ပါတယ်။ နောက်ပြီး ကျနော်တို့ နေအိမ်တွေကို သတင်းတပ်ဖွဲ့က စောင့်ကြည့် စစ်ဆေးတာမျိုး ရှိနေပါတယ်” ဟု သူက ဆိုသည်။

အာဏာပိုင်များက တားမြစ်သော်လည်း ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့တော်ခန်းမဘေးမှ မနက် ၁၁ နာရီတွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း၊ မဟာဗန္ဓုလ လမ်းမကြီးမှ ဗိုလ်တထောင် ဘုရားလမ်း၊ အထက်ပုဇွန်တောင်၊ ယုဇနပလာဇာ၊ တာမွေ ပလာဇာ၊ အုတ်လမ်း၊ ဗားကရာလမ်း၊ မြေနီကုန်း၊ ရန်ကုန် – ပြည်လမ်းများကို ဖြတ်သန်းကာ အင်လျား ကန်ဘောင် တွင် လမ်းလျှောက်ပွဲ အဆုံးသတ်မည် ဖြစ်ကြောင်း၊ စစ်ပွဲများ ချက်ချင်း ရပ်တန့်ပေးရန်၊ ငြိမ်းချမ်းရေး ရရှိရေး အပါအဝင် ဆိုင်းဘုတ်များ၊ စာတမ်းများ ကိုင်ဆောင်ထားမည် ဖြစ်ပြီး လမ်းလျှောက် ဆန္ဒပြပွဲကို လူငယ် ၃၀၀ နီးပါးဖြင့် စတင်မည်ဖြစ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်လျှင် အင်အားတိုးပွားနိုင်ကြောင်း ငြိမ်းချမ်းရေး ကွန်ရက်မှ လူငယ်များက ရှင်းပြသည်။

ထို့အပြင် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ နေပြည်တော်သို့ ကား ၅ စီးဖြင့် ထွက်ခွာမည်ဖြစ်ပြီး ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနရုံး၊ သမ္မတရုံး စသည်တို့ရှေ့များတွင် ဆန္ဒ ထုတ်ဖော် ကြမည်ဖြစ်ကြောင်း၊ လတ်တလောတွင်မူ တရားဝင် ခွင့်ပြုချက် မရရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဦးဆောင်သူ လူငယ်တဦးက ဆိုသည်။

ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲများကို ကျောက်မဲ၊ တောင်ကြီး၊ မော်လမြိုင်၊ မန္တလေး အပါအဝင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း၊ မန္တလေးတွင်လည်း အာဏာပိုင်များဘက်က ကြိုတင်တားမြစ်မှုများ ရှိနေကြောင်း သိရသည်။

ယနေ့နံနက်ကလည်း ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အကြိုအဖြစ် မန္တလေးမြို့တွင် ပါဖောမန့်ပြကွက် ပြသခဲ့သော ပန်းချီစူးမြင့်သိန်းကို လုံခြုံရေးများက ခေါ်ယူစစ်ဆေး ခဲ့သေးသည်။

Your Thoughts …
Tags: PeaceProtest
အောင်သက်ဝိုင်း

အောင်သက်ဝိုင်း

ဧရာဝတီ

Similar Picks:

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
354

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
136

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ဝင်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ဝင်ရောက်လာနေ

by စနေလင်း
6 February 2014
14.1k

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။

အာဏာရှင်, မြန်မာ့တပ်မတော်, ထောက်လှမ်းရေး, ဒေါ်ကြိုင်ကြိုင်, နေဝင်း, သန်းရွှေ

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

by အောင်ဇော်
6 February 2014
17k

သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။

တရုတ်-မြန်မာ နယ်စပ်ရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) / Reuters

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု သို့မဟုတ် အမှားအယွင်းအတွက် တိုက်ပွဲ

by လျူယွန်း
23 January 2017
61.8k

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တရုတ်နိုင်ငံ ပါဝင်စွက်ဖက်ရန် ထပ်တလဲလဲ တောင်းဆိုနေသည့်တိုင် တရုတ်နိုင်ငံတွင် တာဝန်ရှိသည်ဟု မှန်းဆခြင်းက လက်ခံနိုင်သည်ထက် ကျော်လွန်နေပါသည်

Next Post
ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများပြား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate