ရုရှ နိုင်ငံတွင် အစိုးရက ဖမ်းဆီးထားသော Pussy Riot အမျိုးသမီး တေးဂီတ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)၏ ဂုဏ်ပြုပွဲ အခမ်းအနားတွင် Pussy Riot အဖွဲ့နှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ထည့် သွင်း ပြောကြားသွားခြင်း ဖြစ်ကြောင်း AP သတင်းက ဆိုသည်။ Pussy Riot အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လက မော်စကို မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တခုအတွင်း ဝင်ရောက်၍ ရုရှ သမ္မတ ဘလာဒီမာ ပူတင်ကို သရော်သည့် သီချင်း တပုဒ် သီဆို သည့် အတွက် အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီး၍ ထောင်ဒဏ် ၂ နှစ်စီချမှတ် ခံခဲ့ရကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။