သမ္မတ ဦးသိန်းစိန်ကို တရုတ် နိုင်ငံ တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ပေးအပ်ကြောင်း သတင်းရသည်။ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကြောင့် ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်း သတင်းကို Sky Net ရုပ်သံလိုင်းက ပြသသွားကြောင်း The Voice ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်ရှိ နန်နင်း ကုန်စည်ပြပွဲ တက်ရန် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ သို့ သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။