တော်လှန်ရေး ရဲဘော်ဟောင်း ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်(အသက် ၉၃ နှစ်)သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ သာကေတ နေအိမ်တွင် ကွယ်လွန်သွားသည်။ ၎င်းသည် မဟာမိတ် အမေရိကန် လေထီးတပ်ရင်း(၁၀၁) နှင့် ဆက်သွယ်ခဲ့၍ ဝမ်းအိုဝမ်း အမည် တွင်ခဲ့ပြီး ဂျပန်တော်လှန်းရေးတွင် ပါဝင်ခဲ့သူ၊ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)ရဲဘော်၊ လေယာဉ်ပစ် အမြောက် တပ်သား၊ ၁၉၄၄ ခုနှစ်က မင်္ဂလာဒုံ ဗိုလ် သင်တန်း တတိယပတ် တက်ရောက်ခဲ့သူ ၊ ဗမာပြည် ကွန်မြူနစ်ပါတီ(အလံနီ) ရဲဘော် ဟောင်း တဦး ဖြစ်သည်။ နောက်ပိုင်း တွင် ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် စာများ ရေးသားခဲ့ရာ “ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး”၊ “ဆရာကြီး ဦးရာဇတ် အတ္ထုပ္ပတ္တိ”စာအုပ်များမှာ ထင်ရှားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။