တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေး ဇုန် စီမံကိန်း တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံမှ ဘဏ် လုပ် ငန်းများက ငွေချေးငှားမှုများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။ အထူးသဖြင့် ဘန်ကောက် ဘဏ်နှင့် စီယံ ကော်မာရှယ် ဘဏ်များက ဦးစီး၍ စီမံကိန်း အဓိက အကောင်အထည်ဖော်နေသော အီတာလျံ ထိုင်း ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၃၂၅ သန်း ခန့် ထုတ်ချေးရန် စီစဉ်နေကြောင်း၊ ဂျပန်နိုင်ငံကလည်း ဒေါ်လာ ၃.၂ ဘီလီယံ ချေးမည်ဖြစ်ကြောင်း၊ ထိုင်းနှင့် ဂျပန်နိုင်ငံ သည် ထားဝယ် စီမံကိန်းတွင် အရေးကြီးသော လုပ်ငန်း ရှယ်ယာများ ဖြစ်လာနိုင်ကြောင်း၊ အီတာလျံ ထိုင်း ကုမ္ပဏီက လမ်းဖောက် လုပ် ရန် စီမံကိန်း ငွေ ဒေါ်လာ ၈.၅ ဘီလီယံ လျာထားချက် မပြည်မီသေးကြောင်း စီမံကိန်း တာဝန်ရှိသူတဦးဖြစ်သော ဦးသောင်းလွင် ကို ကိုးကား၍ Reuters သတင်းက ဆိုသည်။ ယင်း စီမံကိန်းအတွက် အီတာလျံ ထိုင်း ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့သည် ၂၀၁၀ ပြည့် နှစ်က စတင် သဘောတူ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။