တောင်ကိုရီးယား နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ရောက်ရှိနေ ကြောင်း သိရသည်။ သဘာ၀ အရင်းအမြစ်ဖွံ့ဖြိုးရေး ၊ ဆက်သွယ်ရေး၊ စက်မှု လုပ်ငန်းနှင့် အထည်အလိပ် လုပ်ငန်း ဆိုင်ရာ ပုဂ္ဂလိ က ကုမ္ပဏီ ၂၃ ခုမှ ကိုယ်စားလှယ်များ ဖြစ်ပြီး စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ တိုးမြှင့်ရေးအတွက် စီးပွားရေး ဖိုရမ် နှင့် အကြံ ပြု ညှိနှိုင်းဆွေးနွေးမှုများကို ရန်ကုန်မြို့တွင် ပြုလုပ်သည်ဟု တောင်ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အေဂျင် စီ က ယနေ့ ပြောကြောင်း Yonhap သတင်း၌ ဖော်ပြထားသည်။ ထို့အပြင် လာမည့် နိုဝင်ဘာလ အတွင်း ရန်ကုန်မြို့တွင် ပထမ ဆုံး အကြိမ်အဖြစ် တောင်ကိုရီးယား ကုန်စည်ပြပွဲ ကျင်းပမည်ဖြစ်ပြီး ကုမ္ပဏီ ၆၀ ခန့် ပါဝင် ပြသနိုင်ရန် မျှော်လင့်ထားကြောင်း လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။