နေပြည်တော်တွင် စင်ကာပူူအခြေစိုက် WPG Hotel Group Pte Ltd ဟိုတယ်အုပ်စုက ဟိုတယ် လေးလုံးဆောက်ရန် စင်ကာပူနိုင်ငံ တွင် အစုရှယ်ယာများ ခေါ်ယူနေကြောင်း သတင်းရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နံှမည့် ဟိုတယ် စီမံကိန်းများတွင် ရှယ် ယာ ထည့်ဝင် မြှုပ်နှံရန် ဖိတ်ခေါ်သည့် ဟောပြောပွဲတခုကို စက်တင်ဘာ ၉ ရက်နေ့က စင်ကာပူနိုင်ငံ Marina Bay Sands ဟိုတယ် တွင် ပြုလုပ်ခဲ့ကြောင်း စင်ကာပူ မြန်မာ အသိုင်းအဝိုင်းနှင့် WPG ၏ တရားဝင် ဝက်ဘ်ဆိုက်ကို ကိုးကား၍ Eleven Media Group သတင်း က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။