အမေရိကန် အခြေစိုက် General Electric Co(GE) ကုမ္ပဏီက မြန်မာ အစိုးရ လေကြောင်းလိုင်း အတွက် Embraer E190 jets အမျိုးအစား ဂျက်လေယာဉ် နှစ်စီး ရောင်းချပေးရန် ယမန်နေ့က စာချုပ်ချုပ်လိုက်ကြောင်း သိရသည်။ ယင်းလေယာဉ်များကို လာ မည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ပေးအပ်မည်ဟု သိရသော်လည်း တန်ဖိုး မည်မျှနှင့် ညှိနှိုင်းထားသည်ကို မသိရှိရကြောင်း Reuters သတင်းက ဆိုသည်။ GE ကုမ္ပဏီ သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆေးရုံသုံး ပစ္စည်းများ ရောင်းချပေးရန် သဘော တူ လက်မှတ်ထိုးခြင်းဖြင့် မြန်မာနိုင်ငံကို ပြန်လည်၍ စီးပွားရေး စတင် ဆက်ဆံခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။