ဒီမိုကရေစီ စံနှုန်းနှင့် အညီ မီဒီယာ တိုးတက်ပြောင်းလဲမှုကို ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြော ဆိုလိုက်သည်။ ရှေးဦးစွာ ပုံနှိပ်မီဒီယာကို ပြုပြင်ပြောင်းလဲသွားရမည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ် ၌ စတင်ကျင်းပသည့် လူထု ကိုယ်စားပြု ရုပ်သံလွှင့် မီဒီယာ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ယင်း ဆွေးနွေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) နှင့် ဆွီဒင် ရေဒီယိုတို့ ပူးပေါင်း၍ စက်တင် ဘာ ၂၄ ရက်မှ ၂၅ ရက် အထိ နှစ်ရက်ကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပ ပညာရှင်များ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။