ဘန်ကောက်မြို့ရှိ နိုက်ကလပ် တခုတွင် လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာနှင့် လာအို နိုင်ငံများမှ မိန်းကလေး ၁၆ ဦး ကို ယမန်နေ့က ထိုင်းအာဏာပိုင်များက ဖမ်းဆီးကြောင်း ထိုင်းသတင်းများ၌ ဖော်ထားသည်။ အဆိုပါ မိန်းကလေးများကို အင်္ဂါနေ့ ည ၁၀ နာရီကျော်တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ သတင်းပေးမှုဖြင့် ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဖမ်းခံရသည့် မိန်းကလေး ၁၆ ဦးထဲတွင် အသက် ၁၈ နှစ် အရွယ် တဦး ပါဝင်ပြီး ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ တွင်းသို့ တရားမဝင် ခိုးဝင်မှု တို့ဖြင့် အရေးယူဆောင် ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း krobkruakao.com ဝက်ဘ် ဆိုက် တွင် ထိုင်းဘာသာဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။