ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးခွဲကို ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့က စတင် ဖွင့်လှစ်သည်ကို မလိုလား သည့် ရာနှင့်ချီသော ဒေသခံများက အဆိုပါရုံးကို ပိတ်ပေးရန် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ CNF အဖွဲ့သည် ချင်း တမျိုးသားလုံးကို ကိုယ်စားပြုသော အဖွဲ့မဟုတ်၍ ယင်းသို့ ဆန္ဒပြ ရခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြသူများက ရုံးမဖွင့်ရန် ကြိုတင် စာ ပို့ ထားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် မေလ ၇ ရက်က အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှင့် CNF အဖွဲ့သည် ဟားခါးမြို့၌ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက် ၁၅ ချက်ကို သဘောတူ လက် မှတ် ရေးထိုးခဲ့ကြသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် CNF ကို စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။