အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း(MAI)က ပြည်ပ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် အတွက် လေယာဉ်သစ် နှစ်စီး ထပ်မံ ဝယ်ယူရန် စီစဉ်နေသည်။ သက်ဆိုင်ရာ ကုမ္ပဏီများ၏ ကမ်းလှမ်းချက်အရ Airbus Neo နှင့် Boeing Max လေယာဉ်များကို ဝယ် ယူရန် ဖြစ်ပြီး ယင်းလေယာဉ်များမှာ ဆီစား သက်သာကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ MAI သည် လာမည့် အောက်တိုဘာ နှင့် ဒီဇင်ဘာလများအတွင်း မန္တလေးနှင့် ဗုဒ္ဓဂယာ ၊ ရန်ကုန်-ဘန်ကောက်-စင်္ကာပူ ၊ ရန်ကုန်-ဟောင် ကောင် တို့အပြင် တောင်ကိုရီးယား၊ ဂျပန် နှင့် ထိုင်ဝမ် စသည်တို့ကို တိုးချဲ့ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက် အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့တွင် ကျင်းပသော International Travel Expo(ITE) ဈေးကွက်မြှင့်တင်ရေး ပွဲ ၌ Tourism Alliance Awords(TAA) ဆုကို MAI က မြန်မာနိုင်ငံ၏ အကောင်းဆုံး လေကြောင်းလိုင်းဆု အဖြစ် ရရှိခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။