သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တွေ့ဆုံသည်။ တွေ့ဆုံရာ၌ မိနစ် ၂၀ ခန့် ဆွေးနွေးမှု ပြုလုပ်သော်လည်း မည်သည့် အကြောင်းအရာများဆိုသည်ကို မသိရှိရပေ။ ဦးသိန်းစိန်သည် တနင်္လာနေ့က စတင်၍ မြန်မာနိုင်ငံမှ ထွက်ခွာလာခြင်း ဖြစ်ပြီး နယူးယောက်မြို့တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မှာ အမေရိကန် ကွန်ဂရက်က ပေးအပ်သောဆု ယူရန် စက်တင်ဘာ ၁၇ ရက်က စတင် ရောက်ရှိနေခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။