စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်သူ အားလုံး ပါဝင်မည့် ဆွေးနွေးပွဲ တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဦးဆောင်ပြီး ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ စက်တင်ဘာ ၃၀ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပမည့် ယင်းဆွေးနွေးပွဲ၌ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆွေးနွေးမည် ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား များ၊ ဥပဒေ ပညာရှင်များ၊ စီမံကိန်း အင်ဂျင်နီယာများ၊ ယင်းကြေးနီ စီမံကိန်းမှ တရုတ် ကုမ္ပဏီ မြန်မာဝမ်ပေါင်မှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများနှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ တာဝန် ရှိသူများကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။