မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးအကျဉ်းသား ၃၁၁ ဦး လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ထားသည်။ ယင်း လွတ်မြောက်ရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသား စာရင်း၌ သံဃာတော်များ၊ NLD အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ ABSDF အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ အစရှိသည်တို့ပါဝင်ကြောင်း တွေ့ရသည်။ စက်တင်ဘာ ၁၇ ရက်က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးသည့် အကျဉ်းသား ၅၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၈၈ ဦးပါဝင်ကြောင်းလည်း AAPP က ထုတ်ပြန် ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။