မုံရွာ ကြေးစင်တောင်စီမံကိန်းမှ ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ဒု ထုတ်လုပ်ရေးမှူး ဦးအောင်လောဟာနှင့် ဦးကျော်ဆွေတို့ကို ယနေ့နေ့လည်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာ ပြည်သူများရှေ့မှောက်တွင် မဟုတ်ဘဲ တံခါးပိတ် စစ်ဆေးကြောင်း သတင်းရသည်။ ယင်းကြေးနီများမှာ အမှတ် (၁) သတ္တုတွင်းနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟို ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေသည့် စီမံကိန်းမှဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ ရတ်သိမ်းသွားစဉ် တရုတ်ကုမ္ပဏီသစ် ယန်စီကော့ပါးသို့ ရှယ်ယာနှင့် စာရင်းများ လွှဲပြောင်းချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။