မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ဥရောပသမဂ္ဂရုံးမှ ကုန်သွယ်ရေးဌာနမှူး Mr. Antonio Berenguer ခေါင်းဆောင်သော ကိုယ်စားလှယ်များသည် UMFCCI ရုံးချုပ်၌ ယမန်နေ့က တွေ့ဆုံဆွေးနွေးကြသည်။ နှစ်ဘက်တာဝန်ရှိသူများသည် ကုန်သွယ်ရေးကိစ္စများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာကိစ္စများ၊ အထွေထွေကုန်သွယ်မှုတွင် အထူးအခွန်ကင်းလွတ်ခွင့် (GSP) ကိစ္စများနှင့် ဥရောပဈေးကွက်သို့ မြန်မာ့ထွက်ကုန်များ တင်ပို့နိုင်ရေး ပြင်ဆင်ရန်လိုအပ်ချက်များကို ဆွေးနွေးကြကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။