3D Fund က ၂၀၀၆ – ၂၀၁၂ နှစ်အထိ လုပ်ဆောင်ခဲ့သော HIV/AIDS, တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို 3 MDG Fund (The Three Millennium Development Goals Fund) က ဆက်လက်တာဝန်ယူပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 3 MDG Fund က စတင်ဆောင်ရွက်မည့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ချတ်ထရီယံဟိုတယ်တွင် ကျင်းပခဲ့ကြောင်း၊ 3 MDG Fund က အဆိုပါ ရောဂါ ၃ မျိုးတိုက်ဖျက်ရေးအပြင် မိခင်နှင့် ကလေးသေဆုံးမှု လျှော့ချရေး လုပ်ငန်းများအတွက် ၅ နှစ်တာ ထောက်ပံ့မှုအဖြစ် အမေရိကန် ဒေါ်လာသန်း ၃၀၀ ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။