တနသာၤရီတိုင်း ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ်ကို ကတိပေး လိုက်သည်။ လာမည့် နိုဝင်ဘာလ အတွင်းစတင်၍ အဆင့်သုံးဆင့် ပါဝင်သည့် စီမံကိန်းမြှင့်တင်ရေး အစီ အစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က အမေရိကန်တွင် ကျင်းပနေသော ကုလသမဂ္ဂ ညီလာခံ၌ ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် အလွတ်သဘော ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်း က ဆို သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။