သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသည် ခေတ်သစ် ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားသည့် မိန့်ခွန်း၌ ဦးသိန်းစိန် က နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှုများ၊ စီးပွားရေး နှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ သယံဇာတ သုံးစွဲမှု ပွင့်လင်းမြင်သာရှိရေးနှင့် ဘက်လိုက်မှု ကင်းရေး ဆောင်ရွက်ချက်များ၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်၊ ရခိုင်ပြည် နယ် ပဋိပက္ခ၊ ကချင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ စသည့် ကဏ္ဍစုံလင်စွာ ပြောကြားသွားခြင်းဖြစ်သည်။ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုင်း အဝန်း တရပ်လုံး အနေဖြင့် မြန်မာနိုင်ငံကို နားလည် ထောက်ခံမှုနှင့် အကူအညီများ ပေးရန်လည်း သမ္မတ က ထည့်သွင်း ပြောကြား သည်။ ယင်း မိန့်ခွန်းကို မြန်မာပြည်တွင်း ရုပ်သံ မီဒီယာများက တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။