• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံ့ခိုင်ရေးအသင်း လယ်သိမ်းခဲ့မှု ဖြေရှင်းပေးရန် တောင်းဆို

by သန့်စင်ငြိမ်းချမ်း
28 September 2012
in သတင်း
A A
ထွန်တုံးတိုက်ပွဲ ဆင်နွှဲသည့် လယ်သမားများ အဖမ်းခံရ

ပဲခူးတိုင်းအတွင်း လယ်သိမ်းခံခဲ့ရသည့် လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ – Civil & Political Rights Campaign Group)

3.1k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မိုးကုတ်ဒီးဒုတ်ကွင်းရှိ လယ်ဧက ၃၈၀ ကျော်ကိုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) အဖြစ် အသွင်မပြောင်းမီ အသင်းကာလက သိမ်းယူခဲ့သည့် ကိစ္စအား ဖြေရှင်းပေးရန် လယ်သမားများက တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တောင်းဆို လိုက်ကြသည်။

မိုးကုတ် ဒီးဒုတ်ကွင်းရှိ လယ်များအား ကြံ့ခိုင်ရေးအသင်းက ၂၀၀၃ ခုနှစ်တွင် သိမ်းယူပြီး ငါးမွေးကန်များ တူးဖော်ခဲ့ရာ ထိုလယ်များအတွက် နစ်နာကြေးရလိုသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် လယ်မြေဆုံးရှုံးခဲ့သူ လယ်သမား ၅၉ ဦးက ဝန်ကြီးချုပ် ဦးသိန်းအောင်ထံ ယခုလ တတိယပတ်အတွင်း စာရေးသား ပေးပို့ခဲ့ကြကြောင်း သိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
10
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
40
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
238

“ကျနော်တို့လယ်တွေ အသိမ်းခံရတဲ့အချိန်ကစပြီး လူတွေက အလုပ်လက်မဲ့ ဖြစ်သွားပြီးတော့ ကျပန်းအလုပ်သမားတွေ ဖြစ်ကုန်တယ်။ မိသားစုတွေမှာ စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲဒုက္ခတွေ ကြုံနေရတယ်။ ဒါကြောင့် ကျနော်တို့ လယ်တွေနဲ့ ပတ်သတ်ပြီး လျော်ကြေး ရလိုတဲ့အတွက် တောင်းဆိုတာပါ” ဟု လယ်ဧက ၂၀ ကျော် သိမ်းယူခံခဲ့ရသည့် ထောက်ရှာရွာသား ကိုအေးနိုင်က ဧရာဝတီကို ပြောသည်။

ယင်းလယ်များသည် ၎င်းတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင် စားသောက်ခဲ့သည့် လယ်ယာများဖြစ်ပြီး နှစ်စဉ် စပါး၊ ပဲ၊ နေကြာ စသည့် သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းခဲ့ကြောင်း လယ်သမားများ၏ အဆိုအရ သိရသည်။

လယ်ယာမြေ ဆုံးရှုံးခဲ့သူများမှာ ပန်းတနော်မြို့နယ် သစ်ဆိမ့်ကုန်း၊ ဖုန်းဆိုးလေး၊ ချောင်ကြီး၊ ထောက်ရှာနှင့် နာ့ကဆာ ကျေးရွာမှ လယ်သမားများဖြစ်ပြီး တဦးလျှင် အနည်းဆုံး ၂ ဧကမှ ဧက ၆၀ အထိ သိမ်းယူခြင်း ခံခဲ့ရပြီး မည်သူမှ ယနေ့တိုင်
လျော်ကြေး မရရှိခဲ့ဟု လယ်သမားများက ဆိုသည်။

လယ်သိမ်းစဉ်က စိုက်ပျိုးထားသည့် စပါးနှင့် ပဲခင်းများကိုပါ ကြံ့ခိုင်ရေးအသင်းက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် ထိုငါးကန်များကို မွေးမြူလုပ်ကိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။

လယ်သိမ်းခံရပြီး နောက်ပိုင်းတွင် လယ်သမားများ၏ လူနေမှု ဘဝသာမက သားသမီးများ၏ ပညာရေးပါ ထိခိုက် ပျက်စီးသွားခဲ့ကြောင်း လယ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးအဖွဲ့မှ ကိုမြင့်နိုင်က ပြောသည်။

“လယ်သမားတွေ ခမျာ မူလတန်း အဆင့်အောင်တဲ့ ကလေးကို အလယ်တန်း ဆက်မထားနိုင်ဘူး၊ အလယ်တန်း ထားနိုင်လို့ အောင်ပြန်တော့ အထက်တန်း ဆက်ထားဖို့က စားဝတ်နေရေး မပြေလည်ကြတော့ မစဉ်းစားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်” ဟု သူက ဆိုသည်။

လယ်ယာမြေများအတွက် ခံစားခွင့်တစုံတရာ ရရှိခဲ့ပါက လယ်သမားများ အနေဖြင့် တခြားလုပ်ငန်းများ ရင်းနှီ းလုပ်ကိုင်နိုင်မည် ဖြစ်ပြီး ၎င်းတို့ သားသမီးများ၏ ပညာရေးကိုလည်း ထောက်ပံ့ ပေးနိုင်မည်ဖြစ်ကြောင်း ကိုမြင့်နိုင်က
ဆက်ပြောသည်။

“ကိုယ်ကျိုးရှာ အသင်းအဖွဲ့တခု၏ ကြီးပွားတိုးတက် ချမ်းသာမှုကို အလေးထား ပေးမည့်အစား နစ်နာဆုံးရှုံးသွားသော ဒေသခံ တောင်သူ လယ်သမားများ၏ နစ်နာဆုံးရှုံးမှုကို အလေးထား၍ တောင်သူများ နစ်နာခြင်းမရှိစေဘဲ စစ်ဆေး ဆောင်ရွက် ပေးပါရန်” ဟူ၍ လယ်သမားများက ဝန်ကြီးချုပ်ထံ ပေးပို့သောစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများအတွင် မြေယာသိမ်းဆည်းမှု စစ်ဆေးဖော်ထုတ်ရေး  ကော်မရှင် တရပ်ကို ဇလွန်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ အမတ် ဦးတင်ထွဋ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး အနယ်နယ်အရပ်ရပ်တွင် ဖြစ်ပေါ်ခဲ့သည့် မြေယာသိမ်း အမှုများကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: FarmersLand ConfiscationRule of LawUSDP
သန့်စင်ငြိမ်းချမ်း

သန့်စင်ငြိမ်းချမ်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post

ဂျပန်ဘဏ်များက ဒေါ်လာ သန်း ၁၀၀၀ မြန်မာ ကို ချေးမည်

ပထမဆုံး အကြိမ် စွမ်းအင် စက်မှု ထုတ်ကုန် ပြပွဲ ကျင်းပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate