ဂျပန် ဘဏ်များက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ချေးရန် ကတိပြုလိုက်ကြောင်း သတင်းရသည်။ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြင့်လာသော မြန်မာနိုင်ငံအနေဖြင့် အကြွေးဟောင်းများ ဆပ်နိုင်ရန် ယင်း သို့ ပေါင်းကူးချေးငွေအဖြစ် Japan Bank for International Cooperation နှင့် အခြားသော ဂျပန်ဘဏ်များက ချေးငွေပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ် ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)တို့ကလည်း မြန်မာကို ထောက်ပံ့ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ချေးငွေ အကူအညီ ထပ်မံ ပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း၊ လာမည့်လအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကမ္ဘာ့ငွေကြေးဆိုင်ရာ အဖွဲ့များ အစည်းအဝေးပြုလုပ်ရန်လည်း ရှိကြောင်း The Voice အင်တာနက် စာမျက်နှာ၌ ပါရှိသည်။ ပြီးခဲ့သည့် ဧပြီလ အတွင်းက ဂျပန် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် တို့၏ ပူးတွဲကြေ ညာ ချက်တွင် ဂျပန်က မြန်မာအပေါ်တင်ရှိနေသော ကြွေးမြီနှင့် နောက်ကျကြေး၏ ၆၀ ရာခိုင်နှုန်းအား လျှော်ပေးခြင်းနှင့် တိုင်းရင်း သား လူမျိုးများအတွက် အကူအညီပေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အတွက် ယန်း ၅ ဘီလီယံ(ဒေါ်လာ ၆၄၅၀၀၀ ခန့်) ကူညီထောက်ပံ့ မည် ဖြစ်ကြောင်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။