ပထမဆုံး အကြိမ် စွမ်းအင်နှင့် ပတ်သက်သော စက်မှု ထုတ်ကုန်များ ပါဝင်ပြသသည့် ပြပွဲ Myanmar Energy Trade Show ကို ရန်ကုန်မြို့ရှိ MCC (Myanmar Convention Center) တွင် စက်တင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ပြသကြောင်း သတင်းရသည်။ ယင်း ပြပွဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအပြင် ဥရောပ၊ အမေရိက၊ သြစတြေးလျ နှင့် အာရှ စသည့် ပြည်ပ ၁၇ နိုင်ငံက စွမ်းအင်၊ လျှပ်စစ် ၊ စက်မှု ထုတ်ကုန် ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် နည်းပညာများကို ကုမ္ပဏီပေါင်း ၄၅ ခုက ပါဝင်ပြသခဲ့ကြကြောင်း၊ Alpha Resources & Training Co,Ltd (Event Managment Company)က တာဝန်ယူပြသခြင်း ဖြစ်ကြောင်း Popular Myanmar News Journal က ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။