• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ပုံမှန် မဖြစ်သေး

by ငြိမ်းချမ်း
28 September 2012
in သတင်း
A A
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စည်းဝေးပွဲ ပြန်စ

တာ့ခ်နာအခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျာဟစ်အာဆန်က သတင်းသမားများ၏ မေးမြန်မှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ - ငြိမ်းချမ်း / ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းသွားခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေ အနေမှာ ပုံမှန်အတိုင်း မဖြစ်သေးကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် သတင်းများက ဆိုသည်။

မြန်မာဘက်က တင်သွင်းနေကြဖြစ်သည့် ဝါးနှင့် သစ်သား ရုပ်တု မျိုးစုံမှာ လုံးဝ ဝင်ရောက်လာခြင်း မရှိတော့ကြောင်း၊ နွား နှင့် အဝတ်အထည် မျိုးစုံမှာလည်း ရန်ဖန်ရန်ခါသာ ဝင်ရောက်နေကြောင်း ကောက်စ်ဘဇား ခရိုင် တာ့ခ်နာမြို့နေ ကိုသိန်း ဆိုသူက ပြောပြသည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
373
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
21
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.4k

“အခုတလော ရခိုင်ပြည်နယ်မှာ အေးချမ်းလာတဲ့ အတွက် ဘင်္ဂလာကို မြန်မာဘက်က ပစ္စည်းတချို့တော့ ဝင်လာနေပါတယ်။ ဒါပေမယ့် ပစ္စည်းတချိုသာ ဝင်လာပြီး တချို့ဆို လုံးဝကို ပြန်ဝင် မလာသေးဘူး”ဟု ကိုသိန်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ကို အများဆုံး ဝင်နေသည်မှာ ကျွန်းသစ်ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ငါးမြစ်ချင်း များ ဖြစ်ကြောင်း တာ့ခ်နာ ကုန်သွယ်ရေး ဆိပ်ကမ်း အလုပ်သမားတဦး ကလည်း ပြောပြသည်။

“အခု ဆိပ်ကမ်းမှာက သစ်စက်လှေတွေ တရက်ကို ၃ စီးကနေ ၅ စီးထိဝင်နေတာ ဆိုတော့ အများဆုံးပေါ့။ နောက်ပြီး နစက (နယ်စပ်ကုန်သွယ်ရေး) လမ်းကနေ ငါး စက်လှေတွေက တပတ်မှာ၂ စီးလောက်စီ ဝင်နေတယ်။ နောက်ပြီးတော့ ဆီးယိုတွေလည်း နည်းနည်းတော့ ဝင်နေတယ်”ဟု ထိုဆိပ်ကမ်း အလုပ်သမားက ပြောသည်။

ဘုရားဆင်းတုတော်များ၊ သင်္ကန်းများ အပါအဝင် ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းများမှာလည်း အဝင်နည်းနေပြီး ဈေးကြီး ပေး ဝယ်နေရကြောင်း ဘန်ဒါဘန် မြို့က ကုန်သည်တဦးက ပြောဆိုသည်။

“အဝတ်အစားကတော့ ဈေးမကျသေးပေမယ့် မြန်မာဘက်က ပြန်ဝင်လာတဲ့ အတွက် လိုတဲ့ ပစ္စည်းလေးတွေ ဝယ်လို့ရနေတယ်။ ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းတွေကျတော့ ဈေးကြီးပေးဝယ်ရင်လည်း ရှာလို့မရဘူးဖြစ်နေတယ်”ဟု ထိုကုန်သည်က ပြော သည်။

အဓိကရုဏ်းများ မဖြစ်ပွားခင် မြန်မာဘက်က နှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ငါး၊ ငါးခြောက်၊ ဝါး၊ ဆီးယို မျိုးစုံ၊ အဝတ်အထည်မျိုးစုံတို့ ဝင်နေပြီး သစ်၊ နွား၊ သစ်သားရုပ်တု မျိုးစုံ၊ ဗုဒ္ဓဘာသာ အသုံးအဆောင်မျိုးစုံ စသည်များ ပုံမှန်တင်သွင်း ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံနှင့် နယ်စပ် တရားဝင် ကူးသန်းသွားလာမှုများကို ပုံမှန်ဖြစ်ပေါ်နေရန် လိုလားကြောင်း၊
ထို ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နယ်စပ် အာဏာပိုင်များနှင့် ယခုလ အစောပိုင်းက ကျင်းပသော ဆွေးနွေးပွဲတွင် လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်က ပြောဆိုခဲ့သေးကြောင်း သိရသည်။

သို့သော် ရခိုင်ပြည်နယ် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့သို့ ကုန်သည်များ နေ့ချင်းပြန် သွားလာခွင့်ကို ပြီးခဲ့ သည့် လ ၂၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ရက်သတ္တ တပတ်ကြာ သွားလာခွင့်ကိုမူ ပိတ်ပင်ထားဆဲ ဖြစ်သည်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များနှင့် နားလည်မှုယူပြီး နတ်မြစ်ကို တရားမဝင် ဖြတ်ကျော် ကူးသန်းသွားလာနေကြသည့် ကုန်သည် များမှာလည်း အခြေအနေကို လေ့လာပြီး သွားလာနေကြရကြောင်း မောင်တောမှ တာ့ခ်နာ သို့ ရောက်လာသော ကုန်သည် တဦး က ပြောသည်။

“ပုံမှန် အခြေနေကောင်းတာတော့ မဟုတ်ဘူး၊ ငွေပေးပြီး ဖြတ်သန်းနေတာတောင် တရားမဝင်ဆိုတော့ သူတို့ (နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်) က သွားဆိုမှ သွားရတယ်ပေါ့”ဟု ယင်းကုန်သည်က ပြောဆိုသည်။

Your Thoughts …
Tags: Bangladesh
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

by ငြိမ်းချမ်း
22 April 2013
5.5k

ဘုရားကို ရေသပ္ပာယ်ပြီးတဲ့ အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

by ငြိမ်းချမ်း
30 May 2013
2.4k

စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများသည် ပလက်ဝ ဒေသမှ ကျောက်တော် ဒေသသို့ ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို လူဦးရေစာရင်း ကောက်ခံနေဆဲ ဖြစ်၍ အထောက်အပံ့ရိက္ခာ မပို့ဆောင်နိုင်သေးကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

by ငြိမ်းချမ်း
13 October 2012
10.2k

အဝါမလိဂ် ပါတီနဲ့ BNP ပါတီကြီး ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ ပန်းဝါမြို့က ဗုဒ္ဓဘာသာဝင် လူနည်းစုဟာ မြေဇာပင် ဖြစ်ကြရတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စည်းဝေးပွဲ ပြန်စ

ပတ်စ်ပို့အတု နှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဒါကာတွင် ဖမ်းမိ

by ငြိမ်းချမ်း
19 September 2012
6.9k

“သေသေချာချာ စစ်ဆေးကြည့်တော့ မြန်မာနိုင်ငံ ဘက်က လာတယ်လို့ သိရတယ်။ ဘယ်အတွက် ဘယ်နိုင်ငံကိုသွားမယ် ဆိုတာနဲ့ သူတို့ရဲ့ နေရပ်လိပ်စာ အတိ အကျ ရအောင် ကျနော်တို့ စစ်ဆေးနေဆဲပါ”

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

by ငြိမ်းချမ်း
12 February 2013
4.8k

“သူတို့ကို လောလောဆယ်တော့ နစက ကပဲ ကူညီထားတယ်။ အစိုးရက ချမှတ်ထားတဲ့ အိမ်တို့၊ မြေတို့ ကိစ္စကို အထက်ကိုတင်ပြထားတယ်။ အထက် အမိန့်ပြန်ကျလာမှ သူတို့က နေရာထိုင်ခင်းတွေ ရမှာဖြစ်တယ်။ ၁၅ ရက်နဲ့ တလလောက်တော့ ကြာနိုင်တယ်”

Next Post
ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခေါင်းဆောင်များကို စတင်ကြားနာ စစ်ဆေး

ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခေါင်းဆောင်များကို စတင်ကြားနာ စစ်ဆေး

မြန်မာပြည် အရင်အတိုင်း မဟုတ်တော့

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate