ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာများ ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် ဘားအံမြို့၌ စက်တင်ဘာ ၂၉ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် အစိုးရဘက်မှ တာဝန်ရှိသူများနှင့် KNLA စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ တက်ရောက်ကြသည်။ KNLA သည် ကျောက်ကြီး၊ ထားဝယ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့နယ်များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။