ရခိုင်ပြည်နယ် အတွင်းမှ နေရာတချို့အား နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ခွင့် ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၏ ရှေ့ဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးမြို့နှင့် ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့နယ် အတွင်းရှိ မဟာမုနိဘုရား နယ်မြေ၊ စစ်တွေမြို့နယ် ဧရိယာတို့ကို ခရီးသွားလာခွင့် ယခင်က ပိတ်ထားခြင်း ဖြစ်သည်။ ထိုကန့်သတ်မှုကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားများအား ခရီးသွားလာမှု ကန့်သတ်ချက်သည် ဇွန်လဆန်းတွင် စတင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် သြဂုတ်အတွင်း စတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။