သတင်းတို

စက်မှုဇုန်များ ထပ်မံတိုးချဲ့မည်

This article has been converted from Zawgyi One to Unicode

စက်မှုဇုန်သစ် ၇ ခုကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတဦးကို ကိုးကား၍ ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ယင်းစက်မှုဇုန်များမှာ မန္တလေးတွင် တပ်ကုန်းနှင့် ရတနာပုံ စက်မှုဇုန်၊ ကရင်ပြည်နယ်တွင် ဘာအံ၊ မြဝတီနှင့် ဘုရားသုံးဆူ စက်မှုဇုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း စက်မှုဇုန်နှင့် ရှမ်းပြည်နယ်တွင် နမ့်အွန်စက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။

Loading