ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒိစတြိတ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုတွင် မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်များ ပါဝင်ပတ်သက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်သည်။ ဖေ့စ်ဘုတ်ပေါ်မှ ဓာတ်ပုံတပုံကို အကြောင်းပြု၍ ဤသို့ မီးရှို့ဖျက်ဆီးခံရမှုတွင် ရိုဟင်ဂျာများနှင့် နိုင်ငံရေးအတိုက်အခံများ ပါဝင်ပတ်သက်နေကြောင်း၊ အကွက်ချစီစဉ်ပြီး တမင်ရည်ရွယ်ပြုလုပ်သော အားထုတ်မှုဖြစ်ပြီး အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ်စေကြောင်း ဝန်ကြီး မိုဟီအူဒင် ခန်း အယ်လမ်ဂီရ်က သတင်းထောက်များကို ပြောသည်။ မီးရှို့ဖျက်ဆီးခံရသည့် နေရာများတွင် လုံခြုံရေးတင်းကြပ်ထားပြီး သံသယရှိသူ လူ ၁၇၀ ကို ဖမ်းဆီးထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။