ဥဇဘက်ကစ္စတန်မှ ရင်းနှီးမြှုပ်နှံသူတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်မှုဆိုင်ရာ ဘဏ်တခုကို တဦးတည်းပိုင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်၍ ဖွင့်လှစ်လိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ မစ္စတာ အလီရှာ အလီဆိုသူက မန္တလေး ကပ်ပီတယ် (Mandalay Capital) အမည်ဖြင့် ဇူလိုင်လအတွင်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မွန်ဂိုလီးယားမှ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်ရှိကြောင်း၊ မွန်ဂိုလီးယားတွင် ယူရေးရှား ကက်ပီတယ် (Eurasia Capital) ဘဏ်ကို ထူထောင်ထားပြီး မြန်မာပြည်တွင် လုပ်ငန်းထူထောင်ရန် မွန်ဂိုလီးယားအတွေ့အကြုံမှ ယုံကြည်မှု ရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။