ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။
အင်ဘာလာရပ်ကွက်၌ စက်တင်ဘာလ ၂၈ ရက်က ကလေးတဦးသည် အင်ဘာလာ ရပ်ကွက်ထဲသို့ ရေခဲချောင်း ရောင်းချရန် သွားစဉ် ထိုရပ်ကွက်နေသူ များက ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကောလဟာလ သတင်းများ ရုတ်တရက်ပြန့်နှံ့ သွားခြင်း ကြောင့် စစ်တွေမြို့ဒေသခံ ထောင်ချီ၍ အင်ဘာလာရပ်ကွက်ကို ဝိုင်းထားကာ ထိုကလေးအား ထုတ်ပေးရန် တောင်းဆိုရာမှ ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုရပ်ကွက်အား မြို့ပြင်ပြောင်း ရွှေ့ပေးရန် စစ်တွေလူထုက ဆက်လက် တောင်းဆိုသောကြောင့် ပြောင်းရွှေ့ခြင်း ကိစ္စသည် ပြည်နယ်အစိုးရ လုပ်ဆောင်ရမည့် ကိစ္စ မဟုတ်ကြောင်း၊ ထို့ကြောင့် သမ္မတထံ တင်ပြပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောဆိုကြောင်း အစိုးရအဖွဲ့ က ဆိုသည်။
“ရပ်ကွက်ရွှေ့ပေးမယ်လို့ ကျနော်တို့က ကတိပေးတာ မဟုတ်ပါဘူး၊ ဒီကိစ္စဟာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် သမ္မတကို တင်ပြပေးမယ်လို့ ဝန်ကြီးချုပ် က ပြောတာပါ”ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန် ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။
အင်ဘာလာရပ်ကွက်သည် မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက်တခုဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား များ၊ အမျိုးသမီးများအနေဖြင့် ထိုရပ်ကွက်ထဲမှ ဖြတ်သန်းသွားပါက ရပ်ကွက်နေသူ တချို့၏ နှောက်ယှက်မှု၊ ခြိမ်းခြောက်မှုကို ခကြာခဏ ခံနေရ ကြောင်း၊ ထို့ကြောင့် ထိုရပ်ကွက် ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆို ရခြင်းဖြစ် ကြောင်း စစ်တွေ မြို့ခံများ က ပြောသည်။
ဇွန်လအတွင်း စတင်ခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့မှ မွတ်စလင်များ ကို မြို့ပြင်ရှိ ၎င်းတို့လူမျိုးများ နေထိုင်ရာ ကျေး ရွာများသို့ ပြောင်းရွှေ့၍ နေရာချပေးထားမှု များ ရှိခဲ့ပြီး အင်ဘာလာ ရပ်ကွက်သည် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိသည့် ရပ်ကွ က်တခု ဖြစ်သည်။
မွတ်စလင်များအား သီးသန့်နေရာချထားပေးခြင်းဖြင့် လတ်တလောဖြစ်ပွားနေသည့် ပြဿနာ တည်ငြိမ်မှု ရရှိနိုင်မည် မှန် သော်လည်း ရေရှည်တွင် မွတ်စလင်များအတွက် အခွင့်အရေး ဆုံးရှှုံးနိုင်ကြောင်း၊ ရေရှည်တည်ငြိမ်ရေးအတွက် နှစ်ဦးနှစ်ဘက် ပြန်လည် ယုံကြည်မှုရလာအောင် တည်ဆောက်ပေးသင့်ကြောင်း အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့် ရသူ ဦးဝဏ္ဏရွှေ က ဧရာဝတီ ကို ပြောသည်။
“ပြဿနာဖြစ်နေချိန်မှာတော့ သီးခြားစီထားတာ သဘာဝကျပါတယ်၊ ဒါပေမယ့် ရေရှည်မှာတော့ သီးခြားစီ ထားမယ်ဆိုရင် လည်းပဲ ပြဿနာက ပြေလည်မှာမဟုတ်ဘူး၊ သူတို့နေတဲ့ နေရာကိုတော့ သူတို့ကို ပြန်ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့၏ ယနေ့အခြေအနေသည် တည်ငြိမ်မှု ရှိနေပြီး အင်ဘာလာရပ်ကွက်နှင့်အနီးတဝိုက်၊ မြိုပေါ်ရှိ လမ်းဆုံများ၊ လူ စည်ကားရာ နေရာတချို့တွင် လုံခြုံရေးများ ချထားကြောင်း စစ်တွေ ဒေသခံများ က ပြောသည်။
ရခိုင်ဒေသတွင်း တည်ငြိမ်နေသော်လည်း ဘင်္ဂလာေးဒ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရခိုင်ဒေသသို့ ပြန့်နှံ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်းသိရပြီး စစ်တကောင်း ဒေသ၌ ဗုဒ္ဓဘာသာဝင် များနှင့် မွတ်ဆလင်များ အကြား ပဋိပက္ခ ကြောင့် ဘုန်းကြီး ကျောင်းများ၊ ဒေသခံ ဗုဒ္ဓ ဘာသာ မာရမာလူမျိုးများ၏ နေအိမ်များ မီးရှှို့ ခံရခြင်း၊ လူတချို့ ဒဏ်ရာရခြင်း တို့ရှိသည်။
ပြည်နယ်အစိုးရကပြောရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ရခိုင်နယ်စပ်ဒေသဖြစ်သော မောင်တောနှင့်နယ်စပ် တဝိုက်၌ လုံခြုံရေး ချထားကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာ၀ တီ ကို ပြောသည်။
မောင်တောမြို့နယ်ရှိ သရေကုန်တန်းကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်အား စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှှို့ခံရကြောင်း ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။ ထိုကိစ္စအား ပြည်နယ် အစိုးရက လည်း အတည်ပြု ပြောဆိုသည်။ ထိုနေ့၌ ပင် မင်းပြားမြို့တွင် လည်း ပဋိပက္ခ တချို့ရှိခဲ့ပြီး ယခုအခါ တည်ငြိမ်နေကြောင်း အာဏာပိုင်တို့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသမှ ပြဿနာသည် ရခိုင်ပြည်သို့ ရိုက်ခတ်မှု ရှိလာနိုင်သကဲ့သို့ ရခိုင်ဒေသက ပြဿနာ သည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ရိုက်ခတ်မှု တချို့ ရှိခဲ့ခြင်းကြောင့် ရခိုင်ပြည်သူများ အနေဖြင့် သတိထား၍ နေထိုင်ရန် လို အပ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြော သည်။
“သွေးထိုးလှှုံဆော်မှုတွေ၊ ကောလဟာလထုတ်လွှင့်မှုတွေ ရှိနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရာရာကို သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် မောင်တောနှင့်စစ်တွေ တွင် ဒုက္ခသည်များ ရှိနေ ဆဲဖြစ် ပြီး၊ ၎င်းတို့ရေရှည် နေထိုင်စားသောက်ရေး အတွက် အခက်အခဲ များရှိကြောင်း သိရပြီး ရခိုင်နှင့်တခြားတိုင်းရင်းသား ဒုက္ခ သည်များသည် ဘုန်းတော်ကြီးကျောင်းများ၌ တည်းခိုနေဆဲဖြစ်ပြီး မကြာမီ နေရာချထားနိုင်မည် ဟု အာဏာပိုင်အဖွဲ့ က ဆို သည်။
စစ်တွေမြို့နယ်အတွင်းမှ မွတ်စလင် ဒုက္ခသည်များကို မြို့ပြင်၌ စခန်းများ တည်ဆောက်၍ နေရာ ချပေးထားသော် လည်း နေအိမ် လုံလောက်မှု မရှိကြောင်း၊ လူဦးရေများပြားပြီး ရေအိမ်သာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ ရှိကြောင်း ဦးဝဏ္ဏရွှေ က ပြောသည်။
“ဆောက်ပေးတဲ့ တဲအိမ်ကသေးနေပြီး လူအရေအတွက်ကများတော့ မိုးရာသီမှာ နေထိုင်ရ ခက်ခဲနေကြပါတယ်၊ လူဦးရေနဲ့ လိုက်ဖက်တဲ့ တဲအိမ်တွေနဲ့ ကျန်းမားရေးစောင့်ရှောက်မှု၊ အစားအစာ အဓိက လိုအပ်နေပါတယ်”ဟု ၎င်း က ဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ မွတ်စလင်ဦးရေ ၆ သောင်းဝန်းကျင်ရှိကြောင်း၊ အစိုးရအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လှှုဒါန်းမှုများ ရှိကြောင်း၊ အာဏာပိုင်များအနေဖြင့် စစ်တမ်းကောက်ယူထားသည့် လူဦးရေ စာ ရင်းအတိုင်း အားလုံးကို ထောက်ပံ့ပေးနေ၍ လုံလောက်မှု ရှိကြောင်း ဦးဝင်းမြိုင် က ပြောသည်။
၎င်းက“ကျနော်တို့ စစ်တမ်းမှာရှိတဲ့ စာရင်းအတိ အကျပေးပါတယ်၊ ဒါပေမယ့် စခန်းတွေထဲကို ခိုးဝင်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်၊ ဒီလိုမျိုး တိုးပွားလာနေသူတွေက စာရင်းမရှိတော့ ရိက္ခာမရတာနေမှာပါ”ဟု ဆိုသည်။
မွတ်စလင်ဒုက္ခသည် စခန်းများသို့ ပြည်တွင်း မီဒီယာများ အပြင် နိုင်ငံတကာ မီဒီယာများ၊ ရုပ်သံများကို လွတ်လပ်စွာ သတင်းရခွင့် ပေးထားကြောင်း၊ ဒုက္ခသည်များကိုလည်း လွတ်လပ်စွာ အင်တာဗျူးများ လုပ်ခွင့်ပေးထားကြောင်း ပြည်နယ် အာဏာပိုင် တို့က ဆိုသည်။