သတင်းတို

ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းရပ်ရန် အဖွဲ့ ၁၂ ဖွဲ့တောင်းဆို

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းကို လတ်တလောတွင် ရပ်ဆိုင်းထားရန် မြန်မာနိုင်ငံတဝန်းမှ အဖွဲ့အစည်း ၁၂ ခုက တောင်းဆို လိုက်ကြောင်း သိရသည်။ စီမံကိန်းတခုလုံးပွင့်လင်းမြင်သာမှု မရှိဘဲ လူထုက မသိရှိခြင်း၊ လယ်ယာမြေ၊ သောက်သုံးရေကန်၊ သာသနိက အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခြင်း၊ နိုင်ငံတော်လုံခြုံရေးကို စိုးရိမ်ဖွယ်ဖြစ်စေခြင်း စသည့်အချက်များပါဝင်သော ကြေညာချက်ကို ယင်း ၁၂ ဖွဲ့က အောက်တိုဘာ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

Loading