ရခိုင်ပြည်နယ် ပဋိပက္ခအလွန် ပြည်လည်ထူထောင်မှု အကူအညီပေးရေးအတွက် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာတွင် မနက်ဖြန်၌ ကျင်းပမည်ဟု သိရသည်။ ယင်းအစည်းအဝေးကို အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် Qatar Charity တို့က ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ အဖွဲ့ အစည်းပေါင်း ၃၀ ခန့် တက်ရောက် မည်ဟု သိရသည်။ ပထမအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့သည့်လ အစောပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။