သတင်းတို

ဆွစ်ဇာလန်နိုင်ငံသားတဦး စစ်ကိုင်းတွင် သံမဏိတံတား တည်ဆောက်လှူ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိ ဒေါင်းမြူးချောင်းတွင် ကျပ်သိန်း ၁၁၀ တန် သံမဏိကြိုးတံတားကို ဆွစ်ဇာလန်နိုင်ငံသားတဦးက တည်ဆောက် လှူဒါန်းလိုက်ကြောင်း သိရသည်။ မစ္စတာတိုနီက အလျားပေ ၂၁၀၊ အမြင့် ၂ ပေရှိ ကြိုးတံတားဖြစ်ကြောင်း၊ ယင်း ဒေါင်းမြူးချောင်းတွင် ၁၉၉၅ ခုနှစ်က ရေးကြီးရေလျှံမှုကြောင့် နေအိမ် ၁၅၃ လုံး မျောပါပြီး လူ ၉၅ ဦး သေဆုံးခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာ တိုနီသည် ကချင်ပြည်နယ်၊ စစိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင်လည်း ကြိုးတံတားများ တည်ဆောက်လှူဒါန်းခဲ့သေးကြောင်း သိရသည်။

Loading