• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

by ရန်ပိုင်
4 October 2012
in သတင်း
A A
မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

အန်ဒမန် ပင်လယ်ကို လှေဖြင့်ဖြတ်လာသည့် ဘင်္ဂါလီများ (ဓာတ်ပုံ - Reuters)

5k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသော တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပို့မည့် ခရီးစဉ်အတွင်း ယမန်နေ့ည ၇နာရီခန့်က ပြည်မြို့အကျဉ်းထောင်သို့ ရောက်ရှိလာသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ပြီးခဲ့သည့် မေလက မွန်ပြည်နယ်ရှိ ရေးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများဖြစ်ပြီး၊  ပြန်လည် ထွက်ခွာစဉ် အစိုးရ ရေတပ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် မော်လမြိုင်ထောင်တွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရကာ ပြီးခဲ့သည့် ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများဖြစ်သည်။

RelatedPosts

မင်းလှမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မင်းလှမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

25 June 2025
15
တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

25 June 2025
169
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

25 June 2025
324

၎င်းတို့ကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့တွင် နှစ်ဘက်အစိုးရ အစီအစဉ်ဖြင့် လွှဲအပ်မည်ဖြစ်ကြောင်း၊ ပြည်မြို့ အကျဉ်းထောင်တွင် ၃ ရက်ကြာ ထားရှိမည်ဟု သိရကြောင်း အဆိုပါ အကျဉ်းသားများကို သွားရောက်တွေ့ဆုံခဲ့သူ ပြည်မြို့ခံ ကိုသန်းထိုက်အောင်က ပြောသည်။

“သူတို့က ဗမာစကားမတတ်တော့ ထောင်အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတယ်၊ ဒါကြောင့် မြို့က ဘာသာရေး ခေါင်းဆောင်တွေက အူရဒူဘာသာ၊ ဘင်္ဂလီဘာသာနဲ့ ထောင်ထုံးစံတွေ ပြောပြရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မော်လမြိုင်ထောင်မှ စတင်ထွက်ခွာလာစဉ်ကတည်းက လမ်းတလျှောက်ရှိ မြို့ရွာများမှ အစ္စလမ်ဘာသာဝင်များ၏ သတင်းပို့ခြင်းများကြောင့် ယခုကဲ့သို့ ပြည်မြို့အကျဉ်းထောင်ကို ရောက်ရှိမည်ဟု သိရှိကြောင်း၊ ယခုလည်း ပြည်မြို့ခံ အစ္စလမ်ဘာသာဝင်များက စားသောက်မှု တာဝန်ယူထားကြောင်း ၎င်းက ဆက်ပြောသည်။

မူလ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ၈၅ ဦးဖြစ်ပြီး အသက် ၁၇ နှစ်မှ ၅၀ ကျော်အထိ ပါဝင်ကြောင်း၊ ယခုအဖွဲ့မှာ ပထမအသုတ်ဖြစ်ပြီး မကြာမီတွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း ကိုသန်းထိုက်အောင်က ပြောသည်။

၎င်းတို့ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှတဆင့် မောင်တောမြို့သို့ ပို့ဆောင်ကာ နှစ်နိုင်ငံအစီအစဉ်အရ လွှဲပြောင်းမည်ဖြစ်သည်။

ပြီးခဲ့သည့်လ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတဝန်းမှ အကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ဝန်းကျင်သည် နိုင်ငံခြားသားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။

Your Thoughts …
Tags: BangladeshBorderNational Security
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

အာရှ လမ်းမကြီး, ဝန်ကြီးချုပ် ဦးဇော်မင်း, KNU, BGF

အာရှ လမ်းမကြီး ဖွင့်မည့်ရက် ရွှေ့ဆိုင်း

by ကျော်ခ
20 July 2015
7.3k

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

by ငြိမ်းချမ်း
22 April 2013
5.5k

ဘုရားကို ရေသပ္ပာယ်ပြီးတဲ့ အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

KNLA စစ်ဦးစီးချုပ်နှင့် အလုပ်အမှုဆောင် ၂ ဦး ထုတ်ပယ်ခံရ

KNLA စစ်ဦးစီးချုပ်နှင့် အလုပ်အမှုဆောင် ၂ ဦး ထုတ်ပယ်ခံရ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.3k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate