သတင်းတို

ရန်ကုန် ကုန်စည်ပြပွဲတွင် မလေးရှားကုမ္ပဏီ ၅၀ လာပြမည်

This article has been converted from Zawgyi One to Unicode

အောက်တိုဘာလ ၁၈ မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပမည့် ၂၀၁၂ မလေးရှား ကုန်စည်ပြပွဲတွင် မလေးရှားကုမ္ပဏီ ၅၀ လာရောက်ပြသမည်ဟု သိရသည်။ ၄ ရက်ကြာ ယင်းကုန်စည်ပြပွဲတွင် မလေးရှားမှ အစားအသောက်၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုသုံးပစ္စည်း၊ အဝတ်အထည်၊ ဆေးဝါး၊ ကျန်းမာရေးဝန်ဆောင်မှု၊ သတင်းဆက်သွယ်ရေး နည်းပညာ၊ အိုင်စီတီ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီများ လာရောက်ပြသမည်ဟု သိရှိရသည်။

Loading