တနိုင်တပိုင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုသူများအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လာရောက် လျှောက်ထားနိုင်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အသေးစားနှင့် အလတ်စား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုသူများအနေဖြင့် အသုံးပြုမည့် ဓာတ်အားအမျိုးအစား၊ အသုံးပြုမည့် ပစ္စည်းနှင့် ဖြန့်ဖြူးမည့်စနစ်၊ ထုတ်လုပ်မည့် ဗို့အား၊ အရန် လျှပ်စစ်ဓာတ်အား အခြေအနေနှင့် မီတာခနှုန်းထားများကို စိစစ်တွက်ချက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ခွင့်ပြုပေးသွားမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။