• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တကောင်း တိုက်ခိုက်မှု ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြ

by ခင်ဦးသာ
5 October 2012
in သတင်း
A A
စစ်တကောင်း တိုက်ခိုက်မှု ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြ

ရန်ကုန်မြို့ အင်းယားလမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်တန့်ရန် မြန်မာသံဃာများ ဆန္ဒထုတ်ဖော်ကြသည်။ (ဓာတ်ပုံ- ဧရာဝတီ)

5.2k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသရှိ ဗုဒ္ဗဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များ၏ လူနေအိမ်များအား မီးရှှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခံရခြင်း တို့ကို ကန့်ကွက် ရှှုချသည့်အနေဖြင့် ဆရာတော်၊ သံဃာတော်များက ရန်ကုန်မြို့နှင့် ဒေသတွင်း နိုင်ငံတချို့၌  ဆန္ဒပြမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်မြို့ အင်းယားလမ်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် သံဃာတော် ၁၀၀ ကျော်သည်  ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်တန့်ရန်နှင့်ဗုဒ္ဓဘာသာအား စော်ကားခြင်းမှ ရပ်တန့်ရန် ဟူသောပိုစတာများ ကိုင်ဆောင်၍ ယနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
564
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
59
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
72

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဘုန်းတော်ကြီးကျေုာင်းများ မီးရှှို့ဖျက်ဆီးခံရခြင်း တို့အတွက် ဝမ်းနည်းကြောင်းနှင့် ထိုအကြမ်းဖက်မှု ကိုကန့်ကွက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း နေထိုင်ကြသည့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ လုံခြုံဘေးကင်းရေးကို အစိုးရမှ အပြည့်အ၀ ကာကွယ်ပေးရန် စသည့် အချက်များ ပါဝင်သည့်စာတစောင်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး ထံ ပေးအပ် ခဲ့ ကြောင်း ဦးဆောင်ပါဝင်သူ သံဃာတော် တပါး က ဧရာဝတီ ကိုမိန့်ကြားသည်။

ကမ္ဘာတဝှမ်းရှိ အကြမ်းဖက်နေသူများအား တားဆီးနိုင်ရေးနှင့် တရားဥပဒေ အတိုင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒေ့ရှ် ဒေသ အကြမ်းဖက်မှုကို ကမ္ဘာမှသိအောင် ဆန္ဒဖော် ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ အောင်မြေဇောတိ ကျောင်း တိုက် ဆရာတော် ဦးဝီသာရ က မိန့်ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပန်းဝါဒေသတဝိုက်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ်များကို စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှှို့မှု ဖြစ်ပွားခဲ့သည်။ ထိုမီးရှှို့မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် သိမ်တော် စသည့် သာသနိက အဆောက် အအုံ စုစုပေါင်း  ၂၂ ဆောင်နှင့် ပဋိကတ် တော်များ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ထို့အတူ တန်ဖိုးကြီးသည့် ဗုဒ္ဓ ရွှေဆင်းထုတော်များကို အကြမ်းဖက်သူများက ဝင်ရောက်ယူဆောင် သွားကြောင်း သိရပြီး မီးရှို့ခံရသည့် ဘုန်းတော်ကြီးကျောင်း တချို့သည် နှစ်ပေါင်း၂၅၀၊ ၃၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓသာဘာဝင်များအား တိုက်ခိုက်ခံရခြင်းသည် အစ္စလမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် ကိုရမ်ကျမ်းအား စော်ကားသည့် အပြုအမူ လုပ်ထားသော ဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် မရမာလူငယ်တဦး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရာမှ ပြဿနာကြီးထွားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထုတ် သတင်းစာများက ဖော်ပြခဲ့သည်။

မီးရှှို့ခြင်း၊ အကြမ်းဖက် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ပေးရန် စသည်တို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ သံဃာ တော်များကလည်း  မိမိတို့ နိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးများ သို့သွားရောက် ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၂၀၀ ဝန်းကျင်သည် လည်း အကြမ်း ဖက်မှုများရပ်တန့်ရေး၊ ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်တည်ဆောက်ပေးရေး စသည့် ပိုစတာ များကို ကိုင်ဆောင်၍ ကျောင်းတိုက်ဝင်းတွင် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၊ မေတ္တာ ပို့ခဲ့ကြသည်။

အညတရဆုရှင်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ သာဓုကျောင်းတိုက်မှ အရှင် ဦးခေမာစာရ က လည်း ဆန္ဒပြ ရခြင်းသည် လူမျိုးရေး ဘာသာရေး ခွဲခြားလို၍ မဟုတ်ဘဲ အကြမ်းဖက်မှုကို လုံး၀ လက်မခံသည့်အတွက် ဖြစ်ကြောင်း  ဧရာဝတီကို မိန့်ကြားသည်။ “အကြမ်းဖက်မှုကို ရှှုံ့ချကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရတာပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး”ဟု မိန့်ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လူနည်းစု ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ရေးတို့အတွက် နိုင်ငံအဝှမ်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြား ရေး ဝန်ကြီး ကိုယ်တိုင် ဆန္ဒပြပြည်သူများ၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့်အတူ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရ်ှ တရားရုံးချုပ်ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်ဆုံးဖော်ထုတ်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုထားသည်။

ယခုအကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှုတခုဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်မှုများလည်း ထွက်ပေါ်၍ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုတို့အကြား အပြန်အလှန် စွပ်စွဲမှုများလည်း ရှိနေသည်။

ဗုဒ္ဓဘာသာဝင်များအား ယခုကဲ့သို့ တိုက်ခိုက် အကြမ်းဖက်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတွင် ဆိုးဝါးသည့် လုပ်ရပ်တခုဖြစ် ကြောင်း ကြေညာချက်တစောင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးနှင့် စီးပွားရေးပညာရှင် ဒေါက်တာ မိုဟာမက် ယူနွတ် က ထုတ်ပြန်ခဲ့ ကြောင်း နိရဉ္စရာ သတင်းက ရေးသားထားသည်။

လူမျိုးရေး၊ ဘာဘာရေး အစွန်းရောက်သူများ အားလုံးကို ဆန့်ကျင်ကြရာတွင် အားလုံး ပူးပေါင်းပါဝင်ကြရန်နှင့် တိုက်ခိုက်မှုတွင် ပါဝင်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း နေထိုင်သူများ အားလုံး တန်းတူညီမျှမှု၊ သဟဇာတ ဖြစ်မှုမြှင့်ကြရန်အတွက်လည်း မစ္စတာ ယူနွတ်က မေတ္တာရပ်ခံကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာဝင်များအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှု လုပ်ရပ်တခုသာ ဖြစ်၍ ၎င်းတို့ အနေဖြင့် ကန့်ကွက်ရှှုံ့ချကြောင်း အစ္စလမ် သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေ ကလည်း ဧရာဝတီ ကိုပြောသည်။

“အကြမ်းဖက်မှုကို ကျနော်တို့အဖွဲ့ကလည်း လက်မခံပါဘူး၊ ဒါပေမယ့် ကြေညာချက် ထုတ်ဖို့တော့ အစီအစဉ်တော့ မရှိသေး ပါဘူး”ဟု ၎င်းက ဆိုသည်။

Your Thoughts …
Tags: ProtestYangon
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

by ဧရာဝတီ
20 September 2024
354

ကုန်စျေးနှုန်းကျဆင်းရေး အပါအဝင် စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်အင်အားစုများနှင့် ပြည်သူများ ပူပေါင်းပြီး ရန်ကုန်မြို့ ကားလမ်းမတနေရာတွင် ယနေ့ ချီတက်ဆန္ဒပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်, ရခိုင်တိုင်းရင်းသား, အုပ်စုလိုက် ဝင်ရောက်, မောင်တော, ရခိုင်ပြည်နယ်, မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မောင်တောသို့ အုပ်စုလိုက် ဝင်ရောက်လာနေ

by စနေလင်း
6 February 2014
14.1k

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယခုလဆန်း အတွင်း အုပ်စုလိုက် ၀င်ရောက် လာကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျင်စန်းက ပြောသည်။

အာဏာရှင်, မြန်မာ့တပ်မတော်, ထောက်လှမ်းရေး, ဒေါ်ကြိုင်ကြိုင်, နေဝင်း, သန်းရွှေ

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

by အောင်ဇော်
6 February 2014
17k

သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

by မေရီကို
30 October 2012
14.2k

ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်း လူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

by ထက်အောင်ကျော်
12 July 2013
6.6k

အာဇာနည်နေ့မှာ ဥဩဆွဲ အလေးပြုဖို့ တိုက်တွန်းတာအပြင် အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မှတ်တမ်းတွေကို အာဇာနည်ဗိမာန်မှာ အမြန်ရေးထိုးပေးဖို့ လိုအပ်နေပါကြောင်း အလေးအနက် တိုက်တွန်း တင်ပြလိုက်ရပါတယ်။

Next Post
သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

ကချင် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးရုံး ဖွင့်လှစ်

ကချင် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးရုံး ဖွင့်လှစ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate