သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား နိုင်ငံသို့ ယမန်နေ့က စတင် သွားရောက်သည်။ ၎င်း၏ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် အပါအဝင် အစိုးရတာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန်ရှိပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ထောက်ပံ့ကူညီမှုများ စသည်တို့ကို ဆွေးနွေးရန်ရှိကြောင်း တောင်ကိုရီးယား သတင်းများက ဖော်ပြသည်။ ယခု ခရီးစဉ်သည် ပြီးခဲ့သည့် မေလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော လီမြောင်ဘက်၏ ခရီးစဉ်အတွင်း ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။