၂၀၁၁ – ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီး ၌ ကျပ် ၄၀ ဘီလီယံ ဘတ်ဂျက် လိုငွေပြခဲ့ကြောင်း သိရသည်။ ယမန်နှစ်က တနှစ်တာ သုံးငွေမှာ ကျပ် ၈၇ ဘီလီယံကျော်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှာဖွေနိုင်သည့် ဘဏ္ဍာငွေမှာ ၄၇ ဘီ လီယံသာ ရှိသည့်အတွက် ၄၀ ဘီလီယံ လိုငွေပြခဲ့ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦး ဝင်းကိုကို က ပြောသည်။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ လစာပေးခြင်းတို့တွင် အဓိက အသုံးပြုခဲ့ရသည့် အတွက် လို ငွေ ပြခဲ့ခြင်းဖြစ်ပြီး ယင်းငွေများအား ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းပေးသည်ဟုလည်း ဆိုသည်။ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက်ကို အစိုးရအဖွဲ့က တိုင်းလွှတ်တော်သို့ တင်ပြထားပြီး အောက်တိုဘာ ၈ ရက်နေ့ ကျင်းပမည့် လွှတ်တော် အစည်း အဝေးတွင် လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။